Facebook ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းမှားတွေကို မယုံကြည်ကြဖို့ ရခိုင်ဝန်ကြီးချုပ်ပြော

0
265

Facebook ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းမှားတွေကို မယုံကြည်ကြဖို့နဲ့ Facebook အသုံးပြုသူတွေရဲ့ အဆင့်အတန်းမြင့်မားလာဖို့လည်း လိုအပ်နေတယ်လို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ MCN သတင်းဌာနရဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ် ၀န်ကြီးချုပ် ဦးညီပုက ပြောကြားလိုက်တာပါ။ ဒီလို ပြောကြားရာမှာတော့ Facebook အသုံးပြုသူအနေနဲ့ အဆင့်အတန်းမြင့်မြင့်အသုံးပြုတတ်သူတွေ ဖြစ်အောင် ကြိုးစားဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။