မြတ္စလင္ ဒုကၡသည္ေတြကို ျပန္ပို႔ေတာ့မယ္လို႔ ဘဂၤလားေဒ့ရွ္ ေျပာ

0
198

မြတ္စလင္ ဒုကၡသည္ေတြကို ရခိုင္ျပည္နယ္ဘက္ ျပန္ပို႔ေတာ့မယ္လို႔ ဘဂၤလားေဒ့ရွ္ က်န္းမာေရးဝန္ႀကီး မိုဟာမက္ နာဆင္က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ အစိုးရအေနနဲ႔ အေကာင္းဆံုး သည္းခံခ်ဥ္းကပ္မႈနဲ႔ မြတ္စလင္ ဒုကၡသည္ အေရးကို လုပ္ေဆာင္ခဲ့ၿပီး သူတို႔ကို ျမန္မာျပည္ဘက္ ျပန္ပို႔ေရး အေကာင္အထည္ ေဖာ္ေနပါတယ္လို႔ ဝန္ႀကီး နာဆင္က မေန႔က ေကာက္ဘဇားမွာ ေျပာခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ ေျမေပၚမွာ ေဆးကုသမႈ မေပးလို႔ ေသဆံုးတဲ့ မြတ္စလင္ ဒုကၡသည္ တစ္ဦးမွ မရွိေၾကာင္းလည္း ဝန္ႀကီး နာဆင္က ေျပာပါတယ္။ ျ

မန္မာနဲ႔ ဘဂၤလားေဒ့ရွ္တို႔ ဒီလ အေစာပိုင္းမွာ ဒုကၡသည္ေတြ ျပန္ပို႔ေရး ပူးတြဲ လုပ္ငန္းအဖြဲ႔ကို ဖြဲ႔စည္းၿပီး လုပ္ေဆာင္ေနပါတယ္။
………………… ။ ။ ……………………..

မွတ်စလင် ဒုက္ခသည်တွေကို ပြန်ပို့တော့မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော

မွတ်စလင် ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ဘက် ပြန်ပို့တော့မယ်လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီး မိုဟာမက် နာဆင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အကောင်းဆုံး သည်းခံချဉ်းကပ်မှုနဲ့ မွတ်စလင် ဒုက္ခသည် အရေးကို လုပ်ဆောင်ခဲ့ပြီး သူတို့ကို မြန်မာပြည်ဘက် ပြန်ပို့ရေး အကောင်အထည် ဖော်နေပါတယ်လို့ ဝန်ကြီး နာဆင်က မနေ့က ကောက်ဘဇားမှာ ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် မြေပေါ်မှာ ဆေးကုသမှု မပေးလို့ သေဆုံးတဲ့ မွတ်စလင် ဒုက္ခသည် တစ်ဦးမှ မရှိကြောင်းလည်း ဝန်ကြီး နာဆင်က ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဒီလ အစောပိုင်းမှာ ဒုက္ခသည်တွေ ပြန်ပို့ရေး ပူးတွဲ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ဆောင်နေပါတယ်။