ထိုင္းမွာ ျမန္မာအလုပ္သမားေတြ စီးလာတဲ့ကား မီးေလာင္၊ ၁၄ ဦး ေသ

0
403

ထိုင္းႏိုင္ငံမွာ ဒီေန႔ ႏိုဝင္ဘာ ၂၄ ရက္ေန႔ မနက္ပိုင္းက ျမန္မာအလုပ္သားေတြ စီးလာတဲ့ ကားတစ္စီး ဆယ္ဘီးကားကို ေနာက္ကေန ဝင္တိုက္မိၿပီး ကားမီးေလာင္ကာ ၁၄ ဦး ေသဆံုးသြားပါတယ္။

ဆင္ပူရီခ႐ိုင္မွာ အခင္းျဖစ္ပြားခဲ့တာ ျဖစ္ၿပီး ကားေမာင္သူ အပါအဝင္ ကားေပၚပါလာသူ ၁၄ ဦးစလံုး ေသဆံုးခဲ့တယ္လို႔ ထိုင္းရဲက ေျပာပါတယ္။ ဆယ္ဘီးကား ေမာင္းသူက ဒီကားဟာ သူ႔ကားကို ေနာက္ကေန ဝင္တိုက္ၿပီး မီးေလာင္သြားတာလို႔ ေျပာပါတယ္။

ခရီးသည္တင္ကားဟာ မဲေဆာက္ၿမိဳ႕ကေန ႏိုဝင္ဘာ ၂၃ ရက္ေန႔ညမွာ ထြက္ခြာလာတာ ျဖစ္ၿပီး ဘန္ေကာက္မွာ အလုပ္သြားလုပ္မယ့္ ျမန္မာအလုပ္သမား ၁၃ ဦးကို တင္ေဆာင္လာတာ ျဖစ္ပါတယ္။ ျမန္မာအလုပ္သမားေတြဟာ မီးေလာင္ထားတဲ့အတြက္ ဘယ္သူဘယ္ဝါ မခြဲျခားႏိုင္ေသးလို႔ ေဆး႐ံုမွာ စစ္ေဆးၿပီးရင္ မိသားစု ေဆြမ်ိဳးေတြဆီ အပ္ႏွံေပးမယ္လို႔ ဆင္ပူရီ ရဲတပ္ဖြဲ႔က ေျပာပါတယ္။
……………….. ။ ။ …………………

ထိုင်းမှာ မြန်မာအလုပ်သမားတွေ စီးလာတဲ့ကား မီးလောင်၊ ၁၄ ဦး သေ

ထိုင်းနိုင်ငံမှာ ဒီနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းက မြန်မာအလုပ်သားတွေ စီးလာတဲ့ ကားတစ်စီး ဆယ်ဘီးကားကို နောက်ကနေ ဝင်တိုက်မိပြီး ကားမီးလောင်ကာ ၁၄ ဦး သေဆုံးသွားပါတယ်။

ဆင်ပူရီခရိုင်မှာ အခင်းဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကားမောင်သူ အပါအဝင် ကားပေါ်ပါလာသူ ၁၄ ဦးစလုံး သေဆုံးခဲ့တယ်လို့ ထိုင်းရဲက ပြောပါတယ်။ ဆယ်ဘီးကား မောင်းသူက ဒီကားဟာ သူ့ကားကို နောက်ကနေ ဝင်တိုက်ပြီး မီးလောင်သွားတာလို့ ပြောပါတယ်။

ခရီးသည်တင်ကားဟာ မဲဆောက်မြို့ကနေ နိုဝင်ဘာ ၂၃ ရက်နေ့ညမှာ ထွက်ခွာလာတာ ဖြစ်ပြီး ဘန်ကောက်မှာ အလုပ်သွားလုပ်မယ့် မြန်မာအလုပ်သမား ၁၃ ဦးကို တင်ဆောင်လာတာ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေဟာ မီးလောင်ထားတဲ့အတွက် ဘယ်သူဘယ်ဝါ မခွဲခြားနိုင်သေးလို့ ဆေးရုံမှာ စစ်ဆေးပြီးရင် မိသားစု ဆွေမျိုးတွေဆီ အပ်နှံပေးမယ်လို့ ဆင်ပူရီ ရဲတပ်ဖွဲ့က ပြောပါတယ်။

?bph6