ပီနန္ဆရာေတာ္ႀကီး ဦးပညာဝံသ ပ်ံလြန္ေတာ္မူ

0
375
(ဓာတ္ပံု – အရွင္ ေကာဝိဒ)

ပီနန္ၿမိဳ႕ ကမာၻ႔ဗုဒၶသာသနာျပဳ ဓမၼိကာရာမေက်ာင္းတိုက္ ကမာၻ႔ဗုဒၶသာသနာျပဳ ပီနန္ဆရာေတာ္ႀကီး ဦးပညာဝံသ (သက္ေတာ္ ၈၉ ႏွစ္) ဟာ ဒီေန႔ ႏိုဝင္ဘာ ၂၄ ရက္ေန႔ မေလးရွား စံေတာ္ခ်ိန္ မနက္ ၅ နာရီ ၁၅ မိနစ္မွာ ပံ်လြန္ေတာ္မူသြားၿပီ ျဖစ္ပါတယ္။

သာသနာ့ ဥေသွ်ာင္ အျပည္ျပည္ဆိုင္ရာ ျမန္မာရဟန္းေတာ္မ်ား အဖြဲ႔ ဥကၠ႒ ဆရာေတာ္ အဂၢမဟာ ပ႑ိတ ဦးပညာဝံသဟာ မေလးရွား၊ စင္ကာပူ၊ အေမရိကန္၊ ကေနဒါ၊ ၾသစေၾတးလ်တို႔မွာရွိတဲ့ ျမန္မာေက်ာင္းမ်ားရဲ႕ ဦးစီးနာယက ျဖစ္ပါတယ္။

ပီနန္ဆရာေတာ္ ဦးပညာဝံသဟာ ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္မွာ မဟာသႏၱိသုခ ေက်ာင္းတိုက္ကို ၁၉၉၉ ခုႏွစ္မွာ တည္ေထာင္ခဲ့ပါတယ္။ ျပည္ပကို သာသနာျပဳ ၾကြေရာက္ေနစဥ္ စစ္အစိုးရကို ေဝဖန္လို႔ ျပည္ဝင္ခြင့္ အပိတ္ခံရပါတယ္။ စစ္အစိုးရက မဟာသႏၱိသုခေက်ာင္းတိုက္ကို သံဃမဟာနာယက အဖြဲ႔ကို လႉလိုက္ၿပီးေနာက္ ၂၀၁၃ ခုႏွစ္ ဆရာေတာ္ ဦးပညာဝံသ ျပန္ၾကြလာၿပီးေနာက္ ေက်ာင္းတိုက္ပိုင္ဆိုင္မႈ အျငင္းပြားတာ ျဖစ္ခဲ့ပါတယ္။
…………………. ။ ။ ………………….
ပီနန်ဆရာတော်ကြီး ဦးပညာဝံသ ပျံလွန်တော်မူ

ပီနန်မြို့ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဓမ္မိကာရာမကျောင်းတိုက် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ကြီး ဦးပညာဝံသ (သက်တော် ၈၉ နှစ်) ဟာ ဒီနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မလေးရှား စံတော်ချိန် မနက် ၅ နာရီ ၁၅ မိနစ်မှာ ပျံလွန်တော်မူသွားပြီ ဖြစ်ပါတယ်။

သာသနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဦးပညာဝံသဟာ မလေးရှား၊ စင်ကာပူ၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျတို့မှာရှိတဲ့ မြန်မာကျောင်းများရဲ့ ဦးစီးနာယက ဖြစ်ပါတယ်။

ပီနန်ဆရာတော် ဦးပညာဝံသဟာ ရန်ကုန်မြို့ တာမွေမြို့နယ်မှာ မဟာသန္တိသုခ ကျောင်းတိုက်ကို ၁၉၉၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ပြည်ပကို သာသနာပြု ကြွရောက်နေစဉ် စစ်အစိုးရကို ဝေဖန်လို့ ပြည်ဝင်ခွင့် အပိတ်ခံရပါတယ်။ စစ်အစိုးရက မဟာသန္တိသုခကျောင်းတိုက်ကို သံဃမဟာနာယက အဖွဲ့ကို လှူလိုက်ပြီးနောက် ၂၀၁၃ ခုနှစ် ဆရာတော် ဦးပညာဝံသ ပြန်ကြွလာပြီးနောက် ကျောင်းတိုက်ပိုင်ဆိုင်မှု အငြင်းပွားတာ ဖြစ်ခဲ့ပါတယ်။

?bph6