ေျပာသမွ် လုပ္သမွ်ကို အေကာင္းခ်ည္းျမင္ေနတာ မေကာင္းဟု ဦးေရႊမန္းေျပာၿပီ

ေျပာသမွ် လုပ္သမွ်ကို အေကာင္းခ်ည္းျမင္ေနတာ မေကာင္းဘူးလို႔ လႊတ္ေတာ္ ဥကၠ႒ေဟာင္း သူရဦးေရႊမန္းက ေျပာၾကားလိုက္ပါတယ္။

ႏို၀င္ဘာလ ၁၈ ရက္ေန႔က သူ႔ရဲ႕ လူမွဳကြန္ရက္စာမ်က္ႏွာကတဆင့္ ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ေျပာသမွ် လုပ္သမွ်ကို အဆိုးခ်ည္းျမင္ေနတာကလည္း မေကာင္းဘူးလို႔ ဆိုပါတယ္။ ဒါအျပင္ အေကာင္းကို အေကာင္း၊ အဆိုးကို အဆိုး အရွိအတိုင္း ျမင္ႏိုင္မွ အမွန္တရားကို ေတြ႔ႏိုင္မယ္လို႔လည္း ေျပာဆိုထားတာပါ။

အျမင္မွန္ေတြနဲ႔ စည္းလံုးညီညြတ္စြာ ပါ၀င္ေဆာင္ရြက္ၾကမွ ဖိအားေတြ၊ အခက္အခဲေတြကို ေက်ာ္ျဖတ္ၿပီး တိုင္းျပည္လည္း အျခားႏိုင္ငံေတြနဲ႔ ရင္ေဘာင္တန္းႏိုင္ဖို႔ ႀကိဳးစားရမယ့္ အခ်ိန္ျဖစ္တယ္လို႔လည္း ေျပာၾကားထားပါတယ္။

================================================

ပြောသမျှ လုပ်သမျှကို အကောင်းချည်းမြင်နေတာ မကောင်းဟု ဦးရွှေမန်းပြောပြီ

ပြောသမျှ လုပ်သမျှကို အကောင်းချည်းမြင်နေတာ မကောင်းဘူးလို့ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ပြောသမျှ လုပ်သမျှကို အဆိုးချည်းမြင်နေတာကလည်း မကောင်းဘူးလို့ ဆိုပါတယ်။ ဒါအပြင် အကောင်းကို အကောင်း၊ အဆိုးကို အဆိုး အရှိအတိုင်း မြင်နိုင်မှ အမှန်တရားကို တွေ့နိုင်မယ်လို့လည်း ပြောဆိုထားတာပါ။

အမြင်မှန်တွေနဲ့ စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ကြမှ ဖိအားတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး တိုင်းပြည်လည်း အခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားရမယ့် အချိန်ဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

adv_banner