ဂက္ (စ္) မီးဖို စမ္းသပ္ျပရာက မီးေပါက္ထြက္၊ ေျခာက္ဦး ဒဏ္ရာရ

ရန္ကုန္ၿမိဳ႕၊ ပန္းဘဲတန္း ၿမိဳ႕နယ္ရွိ ဂက္ (စ္) မီးဖိုႏွင့္ ဂက္ (စ္) အိုး အပိုပစၥည္း အမ်ိဳးမ်ိ်ဳးဆိုင္မွာ ဂက္ (စ္) မီးဖို လာေရာက္ ဝယ္ယူသူကို စမ္းသပ္ျပစဥ္ မီးေပါက္ထြက္မႈ ျဖစ္ပြားၿပီး ေျခာက္ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

မေန႔က ႏိုဝင္ဘာ ၁၇ ရက္ေန႔ ညေန ၃ နာရီမွာ မဟာဗႏၶဴလ လမ္းမေပၚ ၂၉ လမ္းနဲ႔ လမ္း ၃၀ ၾကား ဂက္ (စ္) မီးဖိုဆိုင္မွာ ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး လာေရာက္ဝယ္ယူတဲ့ အမ်ိဳးသမီး ႏွစ္ဦးကို မီးထြက္ ေကာင္း၊ မေကာင္း တျခားဂက္ (စ္) အိုးတစ္လံုးနဲ႔ တြဲဖက္ စမ္းသပ္ျပစဥ္ မီးေပါက္ထြက္မႈ ျဖစ္ပြားခဲ့ပါတယ္။

မီးေပါက္ထြက္မႈေၾကာင့္ အေရာင္းဝန္ထမ္း ဦးခ်မ္းေျမ့ေအာင္၊ အနီးရွိ ဆိုင္မန္ေနဂ်ာ ဦးစိုးဝင္းေနာင္၊ ဦးေဇာ္မင္းထြန္း၊ ဦးေရႊမင္း၊ ေဒၚမိုးမိုးၾကည္နဲ႔ ေဒၚခင္သီတာတို႔ အပူေလာင္ ဒဏ္ရာေတြ ရရွိခဲ့လို႔ ရန္ကုန္ ျပည္သူ႔ေဆး႐ံုႀကီး ျပင္ပလူနာဌာနကို ပို႔ေဆာင္ ကုသေနပါတယ္။
………………….. ။ ။ …………………….

ဂက် (စ်) မီးဖို စမ်းသပ်ပြရာက မီးပေါက်ထွက်၊ ခြောက်ဦး ဒဏ်ရာရ

ရန်ကုန်မြို့၊ ပန်းဘဲတန်း မြို့နယ်ရှိ ဂက် (စ်) မီးဖိုနှင့် ဂက် (စ်) အိုး အပိုပစ္စည်း အမျိုးမျျိုးဆိုင်မှာ ဂက် (စ်) မီးဖို လာရောက် ဝယ်ယူသူကို စမ်းသပ်ပြစဉ် မီးပေါက်ထွက်မှု ဖြစ်ပွားပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့က နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီမှာ မဟာဗန္ဓူလ လမ်းမပေါ် ၂၉ လမ်းနဲ့ လမ်း ၃၀ ကြား ဂက် (စ်) မီးဖိုဆိုင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လာရောက်ဝယ်ယူတဲ့ အမျိုးသမီး နှစ်ဦးကို မီးထွက် ကောင်း၊ မကောင်း တခြားဂက် (စ်) အိုးတစ်လုံးနဲ့ တွဲဖက် စမ်းသပ်ပြစဉ် မီးပေါက်ထွက်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးပေါက်ထွက်မှုကြောင့် အရောင်းဝန်ထမ်း ဦးချမ်းမြေ့အောင်၊ အနီးရှိ ဆိုင်မန်နေဂျာ ဦးစိုးဝင်းနောင်၊ ဦးဇော်မင်းထွန်း၊ ဦးရွှေမင်း၊ ဒေါ်မိုးမိုးကြည်နဲ့ ဒေါ်ခင်သီတာတို့ အပူလောင် ဒဏ်ရာတွေ ရရှိခဲ့လို့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနကို ပို့ဆောင် ကုသနေပါတယ်။

adv_banner