ဒဂံုေတာင္ တိုးခ်ဲ႕စက္မႈဇုန္မွာ မီးေလာင္

ရန္ကုန္တိုင္း၊ ဒဂံုၿမိဳ႕သစ္ ေတာင္ပိုင္း၊ တိုးခ်ဲ႕ စက္မႈဇုန္ရွိ ျမဧရာအုန္းဆီ စက္႐ံု မီးေလာင္မႈ ျဖစ္ပြားခဲ့ပါတယ္။

ဒီေန႔ ႏိုဝင္ဘာ ၁၈ ရက္ မနက္ ၃ နာရီခြဲအခ်ိန္မွာ မီးေလာင္မႈ ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး မီးသတ္ယာဥ္ ၁၅ စီး၊ အုပ္ခ်ဳပ္မႈယာဥ္ ၅ စီးနဲ႔ သြားေရာက္ ၿငိမ္းသတ္ျခင္း၊ လံုၿခံဳေရးယူျခင္းေတြ ေဆာင္ရြက္ေပးခဲ့ပါတယ္။

မနက္ ၁၀ နာရီေက်ာ္မွာ မီးၿငိမ္းၿပီး ပ်က္စီးဆံုး႐ံႈးမႈ တန္ဖိုးကိုေတာ့ သတင္းထုတ္ျပန္ျခင္း မရွိေသးပါဘူး။
………………. ။ ။ ………………

ဒဂုံတောင် တိုးချဲ့စက်မှုဇုန်မှာ မီးလောင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ တိုးချဲ့ စက်မှုဇုန်ရှိ မြဧရာအုန်းဆီ စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၈ ရက် မနက် ၃ နာရီခွဲအချိန်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးသတ်ယာဉ် ၁၅ စီး၊ အုပ်ချုပ်မှုယာဉ် ၅ စီးနဲ့ သွားရောက် ငြိမ်းသတ်ခြင်း၊ လုံခြုံရေးယူခြင်းတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။

မနက် ၁၀ နာရီကျော်မှာ မီးငြိမ်းပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

adv_banner