



မြန်မာ့လက်ရွေးစင်ာ ဘောလုံးအသင်းဟာ ၂၀၁၇ ဒီဇင်ဘာနဲ့ ၂၀၁၈ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမယ့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် လေကျင့်ပြင်ဆင်နေချိန်မှာ အခုလို ခြေစွမ်းပွဲကစားမှာလည်း ဖြစ်ပါတယ်။
………………. ။ ။ ……………..

မြန်မာ ယူ ၂၁ ဘောလုံးအသင်းနဲ့ ယူ ၂၃ အသင်းတို့ မွန်ဂိုလီယားနဲ့ ခြေစမ်းမယ်

မြန်မာလက်ရွေးစင် ယူ ၂၁ ဘောလုံး အသင်းနဲ့ ယူ ၂၃ အသင်းတို့ အခုလထဲမှာ မွန်ဂိုလီးယားနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားမှာဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့နဲ့ ၂၆ ရက်နေ့တို့မှာ မွန်ဂိုလီယား လက်ရွေးစင် အသင်းနဲ့ ရန်ကုန်မြို့မှာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားကြမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ ယူ ၂၁ အသင်းဟာ မွန်ဂိုလီယား လက်ရွေးစင် အသင်းနဲ့ သုဝဏ္ဏအားကစားကွင်းမှာ နိုဝင်ဘာ ၂၄ ရက်နေ့ ညနေ ၆ နာရီ၊ မြန်မာ့လက်ရွေးစင် ယူ ၂၃ အသင်းဟာ သုဝဏ္ဏအားကစားကွင်းမှာ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၆ နာရီ ခြေစမ်းပွဲများ အသီးသီး ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစငာ် ဘောလုံးအသင်းဟာ ၂၀၁၇ ဒီဇင်ဘာနဲ့ ၂၀၁၈ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမယ့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် လေကျင့်ပြင်ဆင်နေချိန်မှာ အခုလို ခြေစွမ်းပွဲကစားမှာလည်း ဖြစ်ပါတယ်။
(အားကစား)

adv_banner