

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Water Bus စီမံကိန်းကြောင့် လှိုင်ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ လုပ်ကိုင်နေတဲ့ အလုပ်သမား ၄၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး ကုန်တင်ကုန်ချသင်္ဘောတွေကိုလည်း ၀န်ကြီးချုပ် စီမံချက်ဆိုပြီး မောင်းထုတ်လိုက်တယ်လို့ ဦးမြင့်ဦးက ပြောပါတယ်။

လှိုင်ဆိပ်ကမ်းမှာ Warer Bus စီမံကိန်းကြောင့် အလုပ်လက်မဲ့ဖြစ်နေရတဲ့ အလုပ်သမားတွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မီဒီယာတွေက တစ်ဆင့် သတင်းစာရှင်းပွဲတွေပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေ ကတော့ အလုပ်သမားတွေ ကုန်တင်ကုန်ချပြန်လုပ်နိုင်ဖို့ ဆိပ်ခံတံတားအသစ်တည်ဆောက်ပေး သွားမယ်လို့ ပြောထားပါတယ်။

………………. ။ ။ ………………..

စီမံကိန်းလုပ်ရင် အောက်ခြေထိဆင်းကြည့်ပါလို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို အလုပ်သမားမှူးပြော

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေနဲ့ စိမံကိန်းတွေလုပ်မယ်ဆိုရင် အောက်ခြေအထိ ဆင်းကြည့်ပါလို့ ကြည့်မြင်တိုင်မြို့နယ် ပြည်တွင်းကုန်တင်ကုန်ချ၊ လှိုင်ဌာနခွဲက အလုပ်သမားမှူးဦးမြင့်ဦးက ဝေဖန်ပြောဆိုလိုက်ပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Water Bus စီမံကိန်းကြောင့် လှိုင်ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ လုပ်ကိုင်နေတဲ့ အလုပ်သမား ၄၀ဝ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး ကုန်တင်ကုန်ချသင်္ဘောတွေကိ်ုလည်း ဝန်ကြီးချုပ် စီမံချက်ဆိုပြီး မောင်းထုတ်လိုက်တယ်လို့ ဦးမြင့်ဦးက ပြောပါတယ်။

လှိုင်ဆိပ်ကမ်းမှာ Warer Bus စီမံကိန်းကြောင့် အလုပ်လက်မဲ့ဖြစ်နေရတဲ့ အလုပ်သမားတွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မီဒီယာတွေက တစ်ဆင့် သတင်းစာရှင်းပွဲတွေပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေ ကတော့ အလုပ်သမားတွေ ကုန်တင်ကုန်ချပြန်လုပ်နိ်ုင်ဖို့ ဆိပ်ခံတံတားအသစ်တည်ဆောက်ပေး သွားမယ်လေို့ ပြောထားပါတယ်။

ဒါပေမယ့် တာဝန်ရှိသူတွေဘက်က နှုတ်ကတိတွေ အကြိမ်ကြိမ်ပေးပြီး ဆိပ်ခံတံတားအသစ် မဆောက်ပေးခဲ့လို့ အလုပ်သမားတွေဘက်က မယုံကြည်ဘဲ စောင့်ကြည့်နေတယ်လို့အလုပ်သမားတွေက ပြောပါတယ်။

adv_banner