


……………….. ။ ။ ……………….

အရှေ့တောင်အာရှ နား၊ နှာခေါင်း ညီလာခံ မြန်မာမှာ ပထမဆုံး ကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပတဲ့ (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းဆိုင်ရာ ကမ္ဘာ့ညီလာခံကို မနေ့က နိုဝင်ဘာ ၁၆ ရက် ရန်ကုန်မြို့ရှိ မီလီယာဟိုတယ်မှာ ကျင်းပပါတယ်။

ညီလာခံကို အရှေ့တောင်အာရှက သက်ဆိုင်ရာ ဆရာဝန်ကြီးတွေ အပြင်၊ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီစတဲ့ ဥရောပနိုင်ငံတွေက ပညာရှင်တွေလည်း တက်ရောက်ကြပါတယ်။

ညီလာခံကို နိုဝင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ သုံးရက်ကြာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ညီလာခံမှာ နား၊ နှာခေါင်း၊ လည်ချောင်းတို့နဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ ဆေးနဲ့ ဆေးပစ္စည်းတွေလည်း လာရောက် ပြသကြပါတယ်။

adv_banner