တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ဇွန် ၁၇ ရက်မှာ ထုတ်ပြန် ကြေညာမယ်

4
30837

၂၀၁၇ ခုနှစ်မှာဖြေဆိုထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို ဇွန် ၁၇ ရက် (စနေနေ့) မနက် (၆)နာရီမှာ ထုတ်ပြန်ကြေညာမှာ
ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို သက်ဆိုင်ရာမြို့နယ်တွေက သက်ဆိုင်ရာ စာစစ်ဌာနကျောင်းတွေမှာ တစ်ချိန်တည်းထုတ်ပြန် ကြေညာမှာဖြစ်ပါတယ်။

ဒါ့အပြင် အင်းစိန်မြို့နယ်-အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ်-အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်-အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ်-အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ၊ ဒဂုံမြို့နယ်-အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနဲ့ သင်္ကန်းကျွန်းမြို့နယ်-အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့မှာ တိုင်းဒေသကြီး/ ပြည်နယ်တွေက အောင်စာရင်းတွေကိုလည်း ကပ်ထားပေးမှာဖြစ်ပါတယ်။

ဇွန် (၁၇) ရက် နံနက် (၆)နာရီနောက်ပိုင်းမှာ တိုင်းဒေသကြီး / ပြည်နယ်အလိုက် အောင်စာရင်းတွေကို တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးတွေနဲ့ ခရိုင်၊မြို့နယ် ပညာရေးမှူးရုံးတွေမှာ စုံစမ်းမေးမြန်းနိုင်ကြောင်း အောင်စာရင်း ထုတ်ပြန်မယ့် ဇွန်(၁၇) ရက် နံနက်(၆) နာရီမှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org မှာ ၀င်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Comments are closed.