ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ နိုင်ငံသားဘင်္ဂါလီ၂၁၄၅ ဦးကိုသာ ပြန်လည် လက်ခံသွားမှာဖြစ်

0
277

ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ နိုင်ငံသား ဘင်္ဂါလီ ၂၁၄၅ ဦးကိုသာ ပြန်လည် လက်ခံသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောကြားလိုက်ပါတယ်။

15151114_1010701599056854_856594167_n

ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်အပေါ်မှာ အခုလိုပြောကြားလိုက်တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အစိုးရက ဒက်က္ကာမှာရှိတဲ့ မြန်သံအမတ်ကိုခေါ်ယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အောက်လအတွင်းက လာရောက်ခိုလှုံနေတဲ့ မြန်မာနိုင်သား ၅၀၀၀၀ ပြန်လည်လက်ခံဖို့ တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အနည်းဆုံး ၄၃,၆၀၀ ခန့် အောက်တိုဘာလမှ စပြီး ရောက်ရှိ ခိုလှုံနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)