မြန်မာ့လွတ်လပ်ရေးနေ့အတွက် အမေရိကန်သမ္မတ Barack Obama နဲ့ အတူ အမေရိကန် ပြည်သူတွေက ဆုတောင်း

0
321

မြန်မာနိုင်ငံရဲ့ ၆၉ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အတွက် အမေရိကန်သမ္မတ Barack Obamaနဲ့ အတူ အမေရိကန် ပြည်သူတွေက ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်သူတွေ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

NEW YORK, NY - APRIL 27: U.S. Secretary of State John Kerry attends a press conference announcing a reconfirmation and revision to the "Guidelines for U.S.-Japan Defense Cooperation," created by the U.S.-Japan Security Consultative Committee on April 27, 2015 in New York City. The last time the guidelines between the two countries were updated was in 1997. (Photo by Andrew Burton/Getty Images)

အဲဒီကြေညာချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြီးခဲ့တဲ့သောကြာနေ့ ထုတ်ပြန်ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ဒီမိုကရေစီနည်းကျ အရွေးချယ်ခံရတဲ့ အရပ်သားအစိုးရတက်လာတာမို့ ပြီးခဲ့တဲ့နှစ်ဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်နှစ် တစ်နှစ် ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်တဲ့ အမေရိကန် ခရီးစဉ်နဲ့ အတူ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေကို သမ္မတအိုဘားမား ရုတ်သိမ်းပေးခဲ့တာဟာ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံကြား နွေးထွေးပြီး ရင်းနှီး ချစ်ကြည်တဲ့ ဆက်ဆံရေး ရှိလာတာရဲ့ သင်္ကေတဖြစ်ပါတယ်။

နောက်မကြာခင်မှာကျင်းပတဲ့ နေပြည်တော်တွေ့ဆုံပွဲကနေ မိတ်ဖက်အသစ် ဖြစ်လာတဲ့ အမေရိကန်- မြန်မာ တို့ရဲ့ နှစ်အနည်းငယ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး အတိုင်းတာ ဘယ်လောက်ရှိလာတယ် ဆိုတာကို ပြခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံ အောင်မြင်မှု ရစေရေးအတွက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့၊ စီးပွားရေးနဲ့ လူမှုရေး တိုးတက်ဝပြောဖို့၊ လူ့အခွင့်ရေး လေးစားဖို့ လုပ်ဆောင်နေတဲ့ မြန်မာအစိုးရနဲ့ အဖွဲ့အစည်းအားလုံးနဲ့ အတူ ဆက်ပြီး အနီးကပ်လက်တွဲ လုပ်ဆောင်မယ်လို့ သံဓိဌာန်ချထားပြီး လာမယ့်နှစ်မှာ မြန်မာနိုင်ငံသားအားလုံး ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ကြောင်းလည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)