နှစ်သစ်ကူးကြိုဆိုမယ့် ညအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုံခြုံရေး အင်အား တိုးမြှင့်ထား

0
325

၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးအကြိုညမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အင်းလျားကန်ပတ်လည်နဲ့ ကန်တော်ကြီးအပါအဝင် နေရာငါးခုမှာ
နဂိုမူရင်း ရဲတပ်ဖွဲ့ အင်အားထက် ၃ဝ ရာခိုင်နှုန်းကို လုံခြုံရေးအင်အား တိုးမြှင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

11myanmar-web-master675

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ပြည်သူအများစုဟာ အင်းလျားကန် (ကမ္ဘာအေးလမ်းဘက်ခြမ်း)နဲ့ အင်းလျားကန်( ပြည်လမ်းဘက်ခြမ်း)၊ IBC နဲ့ ကန်တော်ကြီး အတွင်း နဲ့ အပြင် ပတ်ပတ်လည် အစရှိတဲ့ နေရာတွေနဲ့ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ စတိတ်စင်တွေရှိတဲ့ အဓိကနေရာတွေကို လာရောက်ကြမှာ ဖြစ်တဲ့အတွက် အဲ့ဒီနေရာတွေမှာ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရဲ့ ရှိရင်း ရဲတပ်ဖွဲ့ အင်အား ကနေ ၃ဝ ရာခိုင်နှုန်းကို တာဝန် ပေးဆောင်ရွက်သွားမှာပါ။

၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးအကြိုညအတွက် လုံခြုံရေး အစီအမံများ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးမှာ နှစ်သစ်ကူးအကြို လုံခြုံရေး တာဝန်ကျမယ့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်တွေ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေဟာ ၂ဝ၁၆ ခုနှစ်တွင် ကြုံတွေ့ခဲ့တဲ့ လုံခြုံရေးအစီအမံ အားနည်းချက် အားသာချက်တွေကို ၂၁၀၇ နှစ်သစ်ကူးကာလမှာ အကောင်းဆုံးပြန်လည် ပြင်ဆင်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)