မူးယစ်ဆေးဝါး တင်ဆောင်လာတဲ့ စက်လှေတစ်စီး ဖမ်းဆီးရမိ

0
279

မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို တပ်မတော်စစ်ရေယာဉ်က ဒီဇင်ဘာလ ၃၀ ရက်နေ့မှာဖမ်းဆီး
ရမိခဲ့ပါတယ်။

15841020_1043063465820667_1090671324_n-1

အဲဒီစက်လှေဟာ မူးယစ်ဆေးဝါးတွေ တင်ဆောင်ခဲ့ပြီး ပင်လယ်ပြင်မှာ တိုက်ကင်းလှည့် တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်စစ်ရေယာဉ်က
ဒီဇင်ဘာ ၃၀ ရက် ည ၁၀ နာရီ ကျော်မှာ လက်နက်ငယ်နဲ့ ပစ်ခတ်ဖမ်းဆီးရမိခဲ့တာပါ။ စက်လှေပေါ်မှ ကျေးတောပိုက်စိပ်ကျေးရွာနေ သာထွန်း (၃၇) နှစ်၊ ခင်လှ (၂၇) နှစ် နှင့် သိန်းညွန့် (၂၅) နှစ်တို့ ၃ ဦးနဲ့အတူ ပီနံအိတ်ထုပ်အကြီး ၁၈ ထုပ်တို့ကို တွေ့ရှိပြီး စစ်ဆေးခဲ့ရာ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး ဆေးပြား ၄၃ သိန်းခန့် သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတရားခံတွေနဲ့ သိမ်းဆည်းရမိပစ္စည်းတွေကို ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးပြီး တရားဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)