စာရွက်ပေါ်က စီမံကိန်းတွေ လက်တွေ့ကျပြီး အလုပ်ဖြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေ ပြောကြား

0
248

မြန်မာနိုင်ငံဟာ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကိုယ်တွေ့ခံစားနေရပြီ ဖြစ်တာကြောင့် အစစအရာရာ ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုတယ်လို့ အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီနာယက ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။

11

ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီအစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ စာရွက်ပေါ်ကစီမံကိန်းတွေ၊ အစီစဉ်တွေသက်သက်မဖြစ်စေဘဲ လက်တွေ့ကျပြီး အလုပ်ဖြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်ပြင်းထန်းစွာ ခံစားရနိုင်တဲ့နိုင်ငံတွေထဲမှာပါဝင်နေတဲ့အပြင် ရာသီဥတုပြောင်းလဲမှုကိုလည်း လက်တွေကြုံနေရတဲ့ နိုင်ငံဖြစ်တယ်လို့ ဒုသမ္မတဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)