ယာဉ်မတော်တဆမှု ဖြစ်ပွားရာမှ သီလရှင်တစ်ပါး နဲ့ လူတစ်ဦး ဒဏ်ရာရ

0
292

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၂၀၈ မိုင်အနီးမှာ ယာဉ်တိုက်မှုတစ်ခု ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

image-0-02-06-4a90fb344b35fdcba2f8e4c24aeea8d1f6298d74a47ec3dc09d4e179e795b8ea-v

ယာဉ်မောင်းအောင်နိုင်ထွန်း ၄၅ နှစ်မောင်းနှင်လာတဲ့ ယာဉ်အမှတ် 7E/1854 NISSAN TERRANO ဟာ မန္တလေး မှ ရန်ကုန်ဘက် ကိုမောင်းနှင်ခဲ့ရာ ယာဉ်မောင်းသူ အိပ်ငိုက်သွားတာကြောင့် လမ်းလယ်တုံးကို ဝင်ရောက်တိုက်မိခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနဲ့ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သီလရှင်တစ်ပါးထိ ခိုက်ဒဏ်ယာရရှိသွားခဲ့ပါတယ်။

image-0-02-06-6b5986190b37f7aaeee123966a1616101d8528dbc1545fa8d65353888a647502-v

ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းအောင်နိုင်ထွန်းအား ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၈/ ၂၀၁၆၊ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈ အရအမှုဖွင့် အရေးယူထားပါတယ်။ ဒီဇင်ဘာ လ ၂၉ ရက်နေ့ကလည်း အမြန်လမ်းမကြီးပေါ် မှာ တစ်ရက်တည်း ယာဉ်မတော်တဆမှု ၄ ကြိမ်အထိဖြစ်ပွားခဲ့ရာ ၅ ဦးထိ ခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)