0
817
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အထူးခံစားခွင့် အကျိုးသက်ရောက်မှုတွေကို EU ကိုယ်စားလှယ်အဖွဲ့ နားလည်သဘောပေါက်မယ်လို့ မျှော်လင့်
ခရီးစဉ်အတွင်း ဥရောပ သမဂ္ဂ ကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့ဟာ မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော အလုပ်သမားတွေနဲ့ လူမှုပတ်ဝန်းကျင်အပေါ်၊ အထူးအားဖြင့် အထည်ချုပ်၊ ဖိနပ်ချုပ်စတဲ့ CMP ကဏ္ဍနဲ့ စိုက်ပျိုးရေး ကဏ္ဍတွေအပေါ် ကုန်သွယ်မှု အထူးခံစားခွင့် အကျိုးသက်ရောက်မှုတွေကို နားလည်သဘောပေါက် လက်ခံသွားမယ်လို့ မျှော်လင့်ကြောင်း UMFCCI က သတင်းထုတ်ပြန်ပါတယ်။
ဥရောပ သမဂ္ဂ ကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့ (EU EBA Monitoring Mission) ဟာ ရခိုင်ပြည်နယ် အပါအဝင် တခြားဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေ၊ အလုပ်ရှင်အလုပ်သမား၊ လုပ်ငန်းခွင် အခြေအနေတွေကို လေ့လာတာဟာ ကုန်သွယ်မှု အထူးခံစားခွင့် ရုပ်သိမ်းဖို့ သင့်၊ မသင့် ဆုံးဖြတ်ဖို့အတွက် ဖြစ်ပါတယ်။
ဥရောပ သမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ လာရောက်မှုနဲ့ ပတ်သက်ပြီး မနေ့က အောက်တိုဘာလ ၃၀ ရက်နေ့ ရန်ကုန်မြို့ရှိ UMFCCI မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ မြန်နိုင်ငံဟာ ဥရောပ သမဂ္ဂကို အထည်ချုပ် လုပ်ငန်းမှ ၇၂ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးလုပ်ငန်းမှ ၉ ရာခိုင်နှုနး်၊ ဖိနပ်နဲ့ ဦးထုပ်ချုပ်လုပ်ငန်းမှ ၆ ရာခိုင်နှုန်း တင်ပို့နေပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)