သပိတ္ေမွာက္ ဖုယြင္အလုပ္သမားေတြ လုပ္ငန္းခြင္ ျပန္လည္ဝင္ေရာက္ (႐ုပ္/သံ)

0
1108

တိုင္းအစိုးရ႐ုံးေရွ႕ ဆႏၵျပေတာင္းဆိုခ့ဲတ့ဲ ဖုယြင္အလုပ္သမားေတြဟာ လုပ္ငန္းခြင္ ဝင္ေရာက္ခြင့္ ရရွိခဲ့တဲ့အျပင္ သေဘာတူစာခ်ဳပ္ကိုလည္း ခ်ဳပ္ဆုိနုိင္ခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

ရက္ေပါင္း ၇၀ နီးပါး ၾကာျမင့္တ့ဲအထိ အလုပ္ရွင္အလုပ္သမား အျငင္းပြားမႈျဖစ္ေနတ့ဲ ဖုယြင္အလုပ္သမားေတြဟာ ေအာက္တိုဘာလ ၂၉ ရက္ေန႔က ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဴပ္ ဦးၿဖိဳးမင္းသိန္းက ၾကားဝင္ေျဖရွင္းေပးဖို႔ ရန္ကုန္တိုင္းအစိုးရ႐ုံးေရွ႕မွာ ေတာင္းဆိုဆႏၵျပခ့ဲပါတယ္။

ဒီလို ဆႏၵျပေတာင္းဆိုတ့ဲအေပၚ ဝန္ႀကီးခ်ဴပ္က အ့ဲဒီေန႔ညပိုင္းက အလုပ္သမားေတြနဲ႔ ေတြ႕ဆုံခဲ့သလို ေအာက္တိုဘာလ ၃၀ ရက္ေန႔မွာ အလုပ္ရွင္အလုပ္သမား ထိပ္တိုက္ေတြ႔ဆုံေျဖရွင္းခဲ့တာေၾကာင့္ သပိတ္ေမွာက္ဆႏၵျပလုပ္သားေတြ အလုပ္ျပန္လည္ဝင္ေရာက္ေရး အလုပ္ရွင္၊ အလုပ္သမား သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆုိနုိင္ခဲ့တာ ျဖစ္ပါတယ္။

Soundbite-မသက္ထားေဆြ (ဥကၠ႒)
ဖုယြင္အထည္ခ်ဴပ္အလုပ္သမားသမဂၢ

ဒါ့အျပင္ အလုပ္ရွင္ အလုပ္သမား အျငင္းပြားမႈ ျဖစ္ပြားေနစဥ္ကာလအတြင္း တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္တရားစြဲဆိုခ့ဲတာေတြ ပတ္သက္လို႔ ႏွစ္ဖက္ျပည္ဖုံးကားခ်ေရးကို အလုပ္သမားေတြက တင္ျပတ့ဲအေပၚ ၀န္ႀကီးခ်ဴပ္က လက္ခံၿပီး အျပန္အလွန္တရားစြဲတ့ဲကိစၥေတြကို ႏွစ္ဖက္မနစ္နာလုပ္ေဆာင္ဖို႔ ၀န္ႀကီးခ်ဴပ္က ေျပာတယ္လို႔ ေျပာပါတယ္။

Soundbite- ကိုေက်ာ္ေက်ာ္ (ဆိုရွယ္ဒီမိုကရက္တစ္တပ္ဦး)

ဖုယြင္စက္ရံုအလုပ္သမား သပိတ္ဟာ ဩဂုတ္လအတြင္းက စက္႐ုံအလုပ္သမားသမဂၢကိုယ္စားလွယ္ ၃ဝ ကို အလုပ္ထုတ္ပစ္ရာက စတင္ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ေအာက္တုိဘာလ ၃၁ ရက္ေန႔မွာ သက္ဆိုင္ရာအေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ုံးမွာ အလုပ္ရွင္၊ အလုပ္သမား ေဆြးေႏြးခဲ့ၿပီးေနာက္ သပိတ္ေမွာက္လုပ္သားေတြ လုပ္ငန္းခြင္ ျပန္လည္ဝင္ေရာက္ခြင့္ရေရး သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆုိနုိင္ခဲ့တာလည္း ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သပိတ်မှောက် ဖုယွင်အလုပ်သမားတွေ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်

တိုင်းအစိုးရရုံးရှေ့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဖုယွင်အလုပ်သမားတွေဟာ လုပ်ငန်းခွင် ဝင်ရောက်ခွင့် ရရှိခဲ့တဲ့အပြင် သဘောတူစာချုပ်ကိုလည်း ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

ရက်ပေါင်း ၇၀ နီးပါး ကြာမြင့်တဲ့အထိ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြစ်နေတဲ့ ဖုယွင်အလုပ်သမားတွေဟာ အောက်တိုဘာလ ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက ကြားဝင်ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းအစိုးရရုံးရှေ့မှာ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဒီလို ဆန္ဒပြတောင်းဆိုတဲ့အပေါ် ဝန်ကြီးချူပ်က အဲ့ဒီနေ့ညပိုင်းက အလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့သလို အောက်တိုဘာလ ၃၀ ရက်နေ့မှာ အလုပ်ရှင်အလုပ်သမား ထိပ်တိုက်တွေ့ဆုံဖြေရှင်းခဲ့တာကြောင့် သပိတ်မှောက်ဆန္ဒပြလုပ်သားတွေ အလုပ်ပြန်လည်ဝင်ရောက်ရေး အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

Soundbite-မသက်ထားဆွေ (ဥက္ကဋ္ဌ)
ဖုယွင်အထည်ချူပ်အလုပ်သမားသမဂ္ဂ

ဒါ့အပြင် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြစ်ပွားနေစဉ်ကာလအတွင်း တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တရားစွဲဆိုခဲ့တာတွေ ပတ်သက်လို့ နှစ်ဖက်ပြည်ဖုံးကားချရေးကို အလုပ်သမားတွေက တင်ပြတဲ့အပေါ် ဝန်ကြီးချူပ်က လက်ခံပြီး အပြန်အလှန်တရားစွဲတဲ့ကိစ္စတွေကို နှစ်ဖက်မနစ်နာလုပ်ဆောင်ဖို့ ဝန်ကြီးချူပ်က ပြောတယ်လို့ ပြောပါတယ်။

Soundbite- ကိုကျော်ကျော် (ဆိုရှယ်ဒီမိုကရက်တစ်တပ်ဦး)

ဖုယွင်စက်ရုံအလုပ်သမား သပိတ်ဟာ ဩဂုတ်လအတွင်းက စက်ရုံအလုပ်သမားသမဂ္ဂကိုယ်စားလှယ် ၃ဝ ကို အလုပ်ထုတ်ပစ်ရာက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့မှာ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အလုပ်ရှင်၊ အလုပ်သမား ဆွေးနွေးခဲ့ပြီးနောက် သပိတ်မှောက်လုပ်သားတွေ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခွင့်ရရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တာလည်း ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)