ေတာင္ငူ ကြန္ပ်ဴတာ တကၠသိုလ္အတြက္ ခြဲတမ္းခ်ေပးတဲ့ကားထဲက မူးယစ္ေဆးေတြ ေတြ႔

0
694

ေတာင္ငူ ကြန္ပ်ဴတာ တကၠသိုလ္မွာ ပါေမာကၡခ်ဳပ္နဲ႔ ပါေမာကၡ (ဌာနမွဴး) ေတြ အသံုးျပဳဖို႔ ခြဲတမ္းခ်ေပးတဲ့ တိုယိုတာမတ္တူး ယာဥ္ထဲကေန ဘိန္းျဖဴနဲ႔ စိတ္ၾကြမူးယစ္ေဆးဝါးေတြ ေတြ႔ရွိခဲ့ပါတယ္။

ေနျပည္ေတာ္ ပညာေရးဝန္ႀကီးဌာန အဆင့္ျမင့္ပညာဦးစီးဌာနက ေအာက္တုိဘာ ၂၆ ရက္က ထုတ္ေပးတဲ့ တိုယိုတာမတ္တူးယာဥ္ဟာ ထိုင္ခံုေတြ ေရွ႕တုိး ေနာက္ဆုတ္လုပ္လို႔ မရတဲ့အတြက္ ေအာက္တိုဘာ ၂၉ ရက္က ဆိုင္မွာ သြားေရာက္ျပင္ဆင္စဥ္ ယာဥ္ ေနာက္ခန္းအတြင္းဘက္မွာ ထည့္ထားတဲ့ ဘိန္းျဖဴဆပ္ျပာခြက္ ၂၂ ခြက္နဲ႔ စိတ္ၾကြေဆးျပား ၃ ေသာင္းေက်ာ္ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ေတာင္ငူ ကြန္ပ်ဴတာ တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာ အိအိလိႈင္က အေၾကာင္းၾကားတဲ့အတြက္ ပိုင္ရွင္မဲ့ မူးယစ္ေဆးဝါးေတြနဲ႔ ပတ္သက္ၿပီး ေတာင္ငူ ၿမိဳ႕မရဲစခန္းက ဆက္လက္စံုစမ္းစစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ငူ ကွန်ပျူတာ တက္ကသိုလ်အတွက် ခွဲတမ်းချပေးတဲ့ကားထဲက မူးယစ်ဆေးတွေ တွေ့

တောင်ငူ ကွန်ပျူတာ တက္ကသိုလ်မှာ ပါမောက္ခချုပ်နဲ့ ပါမောက္ခ (ဌာနမှူး) တွေ အသုံးပြုဖို့ ခွဲတမ်းချပေးတဲ့ တိုယိုတာမတ်တူး ယာဉ်ထဲကနေ ဘိန်းဖြူနဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့ပါတယ်။

နေပြည်တော် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက အောက်တိုဘာ ၂၆ ရက်က ထုတ်ပေးတဲ့ တိုယိုတာမတ်တူးယာဉ်ဟာ ထိုင်ခုံတွေ ရှေ့တိုး နောက်ဆုတ်လုပ်လို့ မရတဲ့အတွက် အောက်တိုဘာ ၂၉ ရက်က ဆိုင်မှာ သွားရောက်ပြင်ဆင်စဉ် ယာဉ် နောက်ခန်းအတွင်းဘက်မှာ ထည့်ထားတဲ့ ဘိန်းဖြူဆပ်ပြာခွက် ၂၂ ခွက်နဲ့ စိတ်ကြွဆေးပြား ၃ သောင်းကျော် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တောင်ငူ ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အိအိလှိုင်က အကြောင်းကြားတဲ့အတွက် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး တောင်ငူ မြို့မရဲစခန်းက ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)