ေနျပည္ေတာ္မွာ အမ်ိဳးသမီးတစ္ဦးကို သတ္ၿပီး မီး႐ိႈ႕သူ လာေရာက္ အဖမ္းခံ

0
858

ေနျပည္ေတာ္၊ ဥတၱရသီရီၿမိဳ႕နယ္မွာ ေရခ်ိဳးခန္းတစ္ခုအတြင္း ကုမၸဏီပိုင္ရွင္ အမ်ိဳးသမီးတစ္ဦးကို သတ္ျဖတ္ၿပီး မီး႐ိႈ႕ခဲ့မႈမွာ ျပစ္မႈက်ဴးလြန္သူ ဝန္ထမ္းေဟာင္း မေန႔က ေအာက္တိုဘာ ၃၀ ရက္ေန႔မွာ လာေရာက္ အဖမ္းခံခဲ့ပါတယ္။

ေအာင္ျမင္ခ်မ္းသာ ကုမၸဏီနဲ႔ We & We အိမ္တြင္းအလွဆင္ လုပ္ငန္းပိုင္ရွင္ ဥတၱရသီရိၿမိဳ႕နယ္၊ ကြ်န္းေခ်ာင္း (၂) လမ္းေန ေဒၚခင္ေထြးဝင္းသန္း (ခ) မီးငယ္ (၄၉ ႏွစ္) ရဲ႕အိမ္ကို ျပစ္မႈက်ဴးလြန္သူ မ်ဳိးေက်ာ္သက္က ေအာက္တိုဘာ ၂၈ ရက္ေန႔မွာ အရက္မူးၿပီး သြားေရာက္ခဲ့ရာ စကားမ်ားခဲ့ၾကပါတယ္။ ဝင္ခြင့္မေတာင္းဘဲ ဝင္ေရာက္လို႔ အမႈဖြင့္၊ ရဲတိုင္မယ္လို႔ ေျပာတဲ့အတြက္ ေဒၚခင္ေထြးဝင္းသန္း ေနာက္ကို အိမ္ထဲ လိုက္ဝင္ၿပီး အသင့္ေတြ႔တဲ့ သစ္သားေခ်ာင္းနဲ႔ ေခါင္းကို ႐ိုက္ကာ ပါလာတဲ့ ဓားနဲ႔လည္း ထိုးခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ ေသာက္လက္စ အရက္နဲ႔ ေရခ်ိဳးခန္းအတြင္း စာရြက္စာတမ္းေတြနဲ႔ မီး႐ိႈ႕ခဲ့တာ ျဖစ္ေၾကာင္း မ်ဳိးေက်ာ္သက္က ထြက္ဆိုခဲ့ပါတယ္။ မ်ဳိးေက်ာ္သက္ ယူေဆာင္သြားတဲ့ ေမာ္ေတာ္ယာဥ္ တစ္စီး၊ တယ္လီဖုန္း သံုးလံုး၊ လက္ေတာ့ပ္တစ္လံုးနဲ႔ ေငြက်ပ္ ၄၅၅ဝဝဝ တို႔ကိုလည္း သက္ေသအျဖစ္ သိမ္းဆည္းခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေပြည်တော်မှာ အမျိုးသမီးတစ်ဦးကို သတ်ပြီး မီးရှို့သူ လာရောက် အဖမ်းခံ

နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်မှာ ရေချိုးခန်းတစ်ခုအတွင်း ကုမ္ပဏီပိုင်ရှင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး မီးရှို့ခဲ့မှုမှာ ပြစ်မှုကျူးလွန်သူ ဝန်ထမ်းဟောင်း မနေ့က အောက်တိုဘာ ၃၀ ရက်နေ့မှာ လာရောက် အဖမ်းခံခဲ့ပါတယ်။

အောင်မြင်ချမ်းသာ ကုမ္ပဏီနဲ့ We & We အိမ်တွင်းအလှဆင် လုပ်ငန်းပိုင်ရှင် ဥတ္တရသီရိမြို့နယ်၊ ကျွန်းချောင်း (၂) လမ်းနေ ဒေါ်ခင်ထွေးဝင်းသန်း (ခ) မီးငယ် (၄၉ နှစ်) ရဲ့အိမ်ကို ပြစ်မှုကျူးလွန်သူ မျိုးကျော်သက်က အောက်တိုဘာ ၂၈ ရက်နေ့မှာ အရက်မူးပြီး သွားရောက်ခဲ့ရာ စကားများခဲ့ကြပါတယ်။ ဝင်ခွင့်မတောင်းဘဲ ဝင်ရောက်လို့ အမှုဖွင့်၊ ရဲတိုင်မယ်လို့ ပြောတဲ့အတွက် ဒေါ်ခင်ထွေးဝင်းသန်း နောက်ကို အိမ်ထဲ လိုက်ဝင်ပြီး အသင့်တွေ့တဲ့ သစ်သားချောင်းနဲ့ ခေါင်းကို ရိုက်ကာ ပါလာတဲ့ ဓားနဲ့လည်း ထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သောက်လက်စ အရက်နဲ့ ရေချိုးခန်းအတွင်း စာရွက်စာတမ်းတွေနဲ့ မီးရှို့ခဲ့တာ ဖြစ်ကြောင်း မျိုးကျော်သက်က ထွက်ဆိုခဲ့ပါတယ်။ မျိုးကျော်သက် ယူဆောင်သွားတဲ့ မော်တော်ယာဉ် တစ်စီး၊ တယ်လီဖုန်း သုံးလုံး၊ လက်တော့ပ်တစ်လုံးနဲ့ ငွေကျပ် ၄၅၅ဝဝဝ တို့ကိုလည်း သက်သေအဖြစ် သိမ်းဆည်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)