
0
657




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကယားပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ နယ်စပ်ဈေး ဖွင့်မယ်

မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ဘော်လခဲခရိုင် မယ်စဲ့မြို့နဲ့ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့တို့ ကြားရှိ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဈေးကို လာမယ့် ဒီဇင်ဘာလလယ်မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

မယ်စဲ့မြို့နယ်ရှိ ဘီပီ (၁၃) နယ်စပ်ကုန်သွယ်ရေး စခန်းမှာ ကုန်သွယ်မှုတွေ စတင်ခဲ့ပြီးနောက် မယ်စဲ့မြို့နဲ့ ခွန်ယွန်းမြို့တို့အကြား နှစ်နိုင်ငံ နယ်စပ်ဈေးကို တစ်လ နှစ်ကြိမ် အလှည့်ကျ ဖွင့်ဖို့ မြန်မာနဲ့ ထိုင်း တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ ဧပြီလက ညှိနှိုင်း သဘောတူခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်ဈေးကို ဒေသတွင်းကုန်သည်တွေ စိတ်ဝင်စားနေပြီး အရောင်းအဝယ်လုပ်ဖို့ စာရင်းပေး သွင်းထားသူတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)