ဘိုကေလးၿမိဳ႕မ ရဲအခ်ဳပ္အတြင္း အခ်ဳပ္သားတစ္ဦး က်ည္ဆန္ထိမွန္ ေသဆုံး

0
192

ဧရာဝတီတိုင္း၊ ဘိုကေလးၿမိဳ႕ ၿမိဳ႕မရဲစခန္းအခ်ဳပ္မွာ ေအာက္တိုဘာ ၂၈ ရက္ ညေနပိုင္းက အခ်ဳပ္သားတစ္ဦး ေသနတ္က်ည္ဆန္ ထိမွန္ေသဆံုးမႈ ျဖစ္ပြားခဲ့ပါတယ္။

အခ်ဳပ္သားႏွစ္ဦးက ဂ်ာနယ္တစ္ခုပါ သတင္းနဲ႔ ပတ္သက္ၿပီး စကားေျပာဆိုေနၾကစဥ္ အလွည့္က် ကင္းရဲတပ္သား ေအာင္သူက ေသနတ္ကိုင္ေဆာင္ခ်ိန္ရြယ္ၿပီး စေနာက္ေျပာဆိုခဲ့ပါတယ္။ စေနာက္ ေျပာဆိုရာက ခလုတ္ႏွိပ္မိၿပီး အခ်ဳပ္ခန္းအတြင္း ေရခ်ိဳးၿပီး ထြက္လာတဲ့ အခ်ဳပ္သား ထြန္းမင္း (ခ) ကေလးငယ္ (၁၉ ႏွစ္) ကို က်ည္ဆန္ ထိမွန္ေသဆံုးခဲ့တာ ျဖစ္တယ္လို႔ အစိုးရသတင္းစာေတြက ေဖာ္ျပပါတယ္။

ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေသနတ္ကို ေပါ့ဆစြာ ကိုင္ေဆာင္သူ ရဲတပ္သား ေအာင္သူကို အမႈဖြင့္စစ္ေဆး ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘိုကလေးမြို့မ ရဲအချုပ်အတွင်း အချုပ်သားတစ်ဦး ကျည်ဆန်ထိမှန်သေဆုံး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ မြို့မရဲစခန်းအချုပ်မှာ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက အချုပ်သားတစ်ဦး သေနတ်ကျည်ဆန် ထိမှန်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

အချုပ်သားနှစ်ဦးက ဂျာနယ်တစ်ခုပါ သတင်းနဲ့ ပတ်သက်ပြီး စကားပြောဆိုနေကြစဉ် အလှည့်ကျ ကင်းရဲတပ်သား အောင်သူက သေနတ်ကိုင်ဆောင်ချိန်ရွယ်ပြီး စနောက်ပြောဆိုခဲ့ပါတယ်။ စနောက် ပြောဆိုရာက ခလုတ်နှိပ်မိပြီး အချုပ်ခန်းအတွင်း ရေချိုးပြီး ထွက်လာတဲ့ အချုပ်သား ထွန်းမင်း (ခ) ကလေးငယ် (၁၉ နှစ်) ကို ကျည်ဆန် ထိမှန်သေဆုံးခဲ့တာ ဖြစ်တယ်လို့ အစိုးရသတင်းစာတွေက ဖော်ပြပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေနတ်ကို ပေါ့ဆစွာ ကိုင်ဆောင်သူ ရဲတပ်သား အောင်သူကို အမှုဖွင့်စစ်ဆေး နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)