ကမာၻ႔အရက္ေရာဆံုး ႏိုင္ငံစာရင္းမွာ ျမန္မာက အဆင့္ ၁ ကေန ၉ ကို က်ဆင္း

1
828

ေပးကမ္းလွဴဒါန္းမႈ ကမာၻ႔အရက္ေရာဆံုး ႏိုင္ငံစာရင္း အညႊန္းအရ ၂၀၁၄ ခုႏွစ္ကတည္းက အဆင့္ ၁ မွာ အၿမဲရွိေနခဲ့တဲ့ ျမန္မာႏိုင္ငံက အခု ေနာက္ဆံုးထုတ္ Charities Aid Foundation (CAF) အညႊန္းအရ အဆင့္ ၉ ကို က်ဆင္းသြားၿပီး အင္ဒိုနီးရွားက အဆင့္ ၁ ကို တက္လာပါတယ္။

ဘဂၤါလီ အက်ပ္အတည္း ျဖစ္ေပၚၿပီးေနာက္ ေကာက္ခ်က္ခ်ဖို႔ မခက္ခဲတဲ့ ျမန္မာႏိုင္ငံရဲ႕ က်ပ္တည္းမႈ ဒုကၡေတြက ျမန္မာႏိုင္ငံကို အဆင့္က်ဆင္းေစဖို႔ ျဖစ္ေစခဲ့တယ္လို႔ CAF က ေျပာပါတယ္။ CAF အညႊန္းအရ ၾသစေၾတးလ်ႏိုင္ငံက အဆင့္ ၂၊ နယူးဇီလန္ ႏိုင္ငံက အဆင့္ ၃ နဲ႔ အေမရိကန္က အဆင့္ ၄ မွာ ရွိေနပါတယ္။ အိုင္ယာလန္ႏိုင္ငံက အဆင့္ ၅ ျဖစ္ၿပီး ၿဗိတိန္က အဆင့္ ၆ ျဖစ္ပါတယ္။

ကမာၻ႔အရက္ေရာဆံုး ႏိုင္ငံစာရင္းကို CAF က ၂၀၁၀ ခုႏွစ္ကတည္း ႏွစ္စဥ္ ထုတ္ျပန္တာ ျဖစ္ၿပီး ကူညီေရးအဖြဲ႔ေတြကို ေငြလွဴဒါန္းတာ၊ ေစတနာ့ဝန္ထမ္း ေဆာင္ရြက္ေပးတာ၊ တစိမ္းသူေတြကို ကူညီတာေတြနဲ႔ သုေတသီေတြက တိုင္းတာ တြက္ခ်က္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာ့အရက်ရောဆုံး နိုင်ငံစာရင်းမှာ မြန်မာက အဆင့် ၁ ကနေ ၉ ကို ကျဆင်း

ပေးကမ်းလှူဒါန်းမှု ကမ္ဘာ့အရက်ရောဆုံး နိုင်ငံစာရင်း အညွှန်းအရ ၂၀၁၄ ခုနှစ်ကတည်းက အဆင့် ၁ မှာ အမြဲရှိနေခဲ့တဲ့ မြန်မာနိုင်ငံက အခု နောက်ဆုံးထုတ် Charities Aid Foundation (CAF) အညွှန်းအရ အဆင့် ၉ ကို ကျဆင်းသွားပြီး အင်ဒိုနီးရှားက အဆင့် ၁ ကို တက်လာပါတယ်။

ဘင်္ဂါလီ အကျပ်အတည်း ဖြစ်ပေါ်ပြီးနောက် ကောက်ချက်ချဖို့ မခက်ခဲတဲ့ မြန်မာနိုင်ငံရဲ့ ကျပ်တည်းမှု ဒုက္ခတွေက မြန်မာနိုင်ငံကို အဆင့်ကျဆင်းစေဖို့ ဖြစ်စေခဲ့တယ်လို့ CAF က ပြောပါတယ်။ CAF အညွှန်းအရ သြစတြေးလျနိုင်ငံက အဆင့် ၂၊ နယူးဇီလန် နိုင်ငံက အဆင့် ၃ နဲ့ အမေရိကန်က အဆင့် ၄ မှာ ရှိနေပါတယ်။ အိုင်ယာလန်နိုင်ငံက အဆင့် ၅ ဖြစ်ပြီး ဗြိတိန်က အဆင့် ၆ ဖြစ်ပါတယ်။

ကမ္ဘာ့အရက်ရောဆုံး နိုင်ငံစာရင်းကို CAF က ၂၀၁၀ ခုနှစ်ကတည်း နှစ်စဉ် ထုတ်ပြန်တာ ဖြစ်ပြီး ကူညီရေးအဖွဲ့တွေကို ငွေလှူဒါန်းတာ၊ စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးတာ၊ တစိမ်းသူတွေကို ကူညီတာတွေနဲ့ သုတေသီတွေက တိုင်းတာ တွက်ချက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.