
1
634





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုဝင်ဘာလလယ်မှာ ဘင်္ဂါလီ ပထမအသုတ် နေရပ်ပြန်မယ်

နှစ်နိုင်ငံ သဘောတူထားချက်အတိုင်း လာမယ့် နိုဝင်ဘာလလယ်မှာ ဘင်္ဂါလီ ဒုက္ခသည် ၂၃၀ဝ ကို စတင်နေရပ်ပြန်ပို့မယ်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတွေက ကြေညာလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ပူးတွဲအကောင်အထည် ဖော်ရေးအဖွဲ့ (JWG) ရဲ့ တတိယအကြိမ် အစည်းအဝေးအပြီး မက်ဂနာ အစိုးရ ဧည့်ဂေဟာမှာ မနေ့က အောက်တိုဘာလ ၃၀ ရက်နေ့က ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၃၁ ရက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ရှာဟီဒူလ် ဟာကီနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးမြင့်သူတို့ ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၃၀ ပါ JWG အဖွဲ့ဟာ ကောက်ဘဇားရှိ အူကီယာ ဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေး တွေ့ဆုံအားပေးမှာ ဖြစ်ပါတယ်။

အကျိုးရှိတဲ့ အပြုသဘော ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ဒီမှာ ရှိနေတဲ့ ဘင်္ဂါလီတွေ နေရပ်ပြန်ရေး ဆွေးနွေးခဲ့ကြောင်းနဲ့ နိုဝင်ဘာလလယ်မှာ စတင်ဖို့ မျှော်မှန်းထားကြောင်း မစ္စတာ ဟာကီက သတင်းထောက်တွေကို ပြောခဲ့ပြီး ဦးမြင့်သူကလည်း ဟုတ်မှန်ကြောင်း ထောက်ခံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.