ပလတ္စတစ္ ေလွ်ာ့ခ်ေရး မူ၀ါဒ ေရးဆြဲျပ႒ာန္းဖို႔ လႊတ္ေတာ္မွာ ေဆြးေႏြး

0
413

ပလတ္စတစ္ပစၥည္းမ်ားကို သီးသန္႔ဖယ္ရွားစြန္႔ပစ္ေစျခင္း၊ ပလတ္စတစ္အသံုးျပဳမႈႏႈန္းထားမ်ား ေလွ်ာ့ခ်ျခင္းတို႔ကို မူ၀ါဒတစ္ရပ္ ေရးဆြဲျပ႒ာန္းျပီး တႏိုင္ငံလံုးအတုိင္းအတာနဲ႔ စတင္ အေကာင္ အထည္ေဖာ္ေဆာင္ရြက္ေပးဖို႔ လႊတ္ေတာ္က ျပည္ေထာင္အစိုးရသုိ႔ တိုက္တြန္း ေၾကာင္း အဆိုကို လႊတ္ေတာ္က လက္ခံေဆြးေႏြးဖို႔ ဆံုးျဖတ္လိုက္ပါတယ္။

ေမာက္မယ္မဲဆႏၵနယ္က ဦးစိုင္းေငါင္းဆိုင္ဟိန္းက အဆိုကိုတင္သြင္းခဲ့ရာမွာ ေန႔စဥ္စြန္႔ပစ္တဲ့ အမိႈက္မ်ားမွာ ပလတ္စတစ္တစ္၀က္ခန္႔ပါ၀င္ေနၿပီး အတူတကြေရာေႏွာစြန္႔ပစ္ျခင္းေၾကာင့္ ေလဟာ ျပင္မ်ား၊ လူေနအိမ္ေျခမ်ား၊ ၿမိဳ႕တြင္း၊ ၿမိဳ႕ျပင္လမ္းမႀကီးမ်ား၊ ပင္လယ္ကမ္းေျခနဲ႔ ျမစ္ဆိပ္ ေခ်ာင္းဆိပ္မ မ်ား၊ ေတာ၊ ၿမိဳ႕မ်ားပါမက်န္ အ႐ုပ္ဆိုးအက်ည္းတန္တဲ့ အမိႈက္ပံုမ်ားျဖစ္ေပၚလာေစတယ္လို႔ ထည့္ သြင္း ေျပာဆိုခဲ့ပါတယ္။

အဆိုကို ရပ္ေစာက္မဲဆႏၵနယ္က ဦးခင္ေမာင္ျမင့္က ေထာက္ခံေဆြးေႏြးခဲ့ျပီး ျပည္သူ႔လႊတ္ေတာ္မွာ ကန္႔ကြက္သူမရွိဘဲ အဆိုကိုလက္ခံေဆြးေႏြးဖို႔ ဆံုးျဖတ္ခဲ့ၾကတာ ျဖစ္ပါတယ္။
……………………. ။ ။ ……………………..

ပလတ်စတစ် လျှော့ချရေး မူဝါဒ ရေးဆွဲပြဋ္ဌာန်းဖို့ လွှတ်တော်မှာ ဆွေးနွေး

ပလတ်စတစ်ပစ္စည်းများကို သီးသန့်ဖယ်ရှားစွန့်ပစ်စေခြင်း၊ ပလတ်စတစ်အသုံးပြုမှုနှုန်းထားများ လျှော့ချခြင်းတို့ကို မူဝါဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်းပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စတင် အကောင် အထည်ဖော်ဆောင်ရွက်ပေးဖို့ လွှတ်တော်က ပြည်ထောင်အစိုးရသို့ တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံဖြတ်လိုက်ပါတယ်။

မောက်မယ်မဲဆန္ဒနယ်က ဦးစိုင်းငေါင်းဆိုင်ဟိန်းက အဆိုကိုတင်သွင်းခဲ့ရာမှာ နေ့စဉ်စွန့်ပစ်တဲ့ အမှိုက်များမှာ ပလတ်စတစ်တစ်ဝက်ခန့်ပါဝင်နေပြီး အတူတကွရောနှောစွန့်ပစ်ခြင်းကြောင့် လေဟာ ပြင်များ၊ လူနေအိမ်ခြေများ၊ မြို့တွင်း၊ မြို့ပြင်လမ်းမကြီးများ၊ ပင်လယ်ကမ်းခြေနဲ့ မြစ်ဆိပ် ချောင်းဆိပ်မ များ၊ တော၊ မြို့များပါမကျန် အရုပ်ဆိုးအကျည်းတန်တဲ့ အမှိုက်ပုံများဖြစ်ပေါ်လာစေတယ်လို့ ထည့် သွင်း ပြောဆိုခဲ့ပါတယ်။

အဆိုကို ရပ်စောက်မဲဆန္ဒနယ်က ဦးခင်မောင်မြင့်က ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိဘဲ အဆိုကိုလက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)