ဖက္ဒရယ္မူေတြ ၂၀၁၈ မွာ ၿပီးျပတ္ေအာင္ခ်မွတ္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ တိုက္တြန္း

0
387

ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ အုတ္ျမစ္ျဖစ္တဲ့ အေျခခံမူမ်ားခ်မွတ္ျခင္းကို ၂၀၁၈ ခုႏွစ္အတြင္း ၿပီးျပတ္ေအာင္ ရည္မွန္းခ်က္ထားၿပီး ဦးတည္ႀကိဳးပမ္းေဆာင္ရြက္ေပးၾကဖို႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတဲြေကာ္မတီ-UPDJC ဥကၠ႒ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္း ေျပာၾကားလိုက္ပါတယ္။

ေအာက္တိုဘာ ၃၀ ရက္က ေနျပည္ေတာ္မွာလုပ္ခဲ့တဲ့ (၁၂)ႀကိမ္ေျမာက္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတဲြေကာ္မတီ-UPDJC အစည္းအေ၀းမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

အစည္းအေ၀းကို အစိုးရ၊ တပ္မေတာ္၊ အပစ္ရပ္လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႔နဲ႔ ႏိုင္ငံေရးပါတီမ်ား က ကိုယ္စားလွယ္မ်ား တက္ေရာက္ေနၾကျပီး တိုင္းရင္းသားတို႔ဘက္က အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲ မက်င္းပႏိုင္ေသး တဲ့ ေဒသေတြမွာ က်င္းပျပဳလုပ္ႏိုင္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ေအာက္တိုဘာ ၃၀ နဲ႔ ၃၁ ႏွစ္ရက္ျပဳလုပ္မယ့္ အစည္းအေ၀းမွာ ၂၁ ရာစုပင္လံုတတိယ အစည္းအေဝးမွာ ေဆြးေႏြးမယ့္ေခါင္းစဥ္ေတြ၊ အမ်ဳိးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ က်င္းပမယ့္ ေနရာနဲ႔ က်င္းပမယ့္ပံုစံသတ္မွတ္ေရးေတြ၊ ေကာ္မတီမွာ ေဆြးေႏြးမယ့္စာတမ္းေတြနဲ႔ ျပည္ေထာင္စု သေဘာတူ စာခ်ဳပ္အစိတ္အပိုင္း ၁ ကို ျပည္ေထာင္စုလႊတ္ေတာ္ကို တင္သြင္းမယ့္ကိစၥေတြ ေဆြးေႏြးၾကမွာ ျဖစ္တယ္လို႔ အတိုင္ပင္ခံရံုးသတင္းမွာ ေဖာ္ျပပါတယ္။
……………………… ။ ။ …………………….

ဖက်ဒရယ်မူတွေ ၂၀၁၈ မှာ ပြီးပြတ်အောင်ချမှတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အုတ်မြစ်ဖြစ်တဲ့ အခြေခံမူများချမှတ်ခြင်းကို ၂၀၁၈ ခုနှစ်အတွင်း ပြီးပြတ်အောင် ရည်မှန်းချက်ထားပြီး ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၃၀ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ (၁၂)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးကို အစိုးရ၊တပ်မတော်၊အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များ တက်ရောက်နေကြပြီး တိုင်းရင်းသားတို့ဘက်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးတဲ့ ဒေသတွေမှာ ကျင်းပပြုလုပ်နိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။

အောက်တိုဘာ ၃၀ နဲ့ ၃၁ နှစ်ရက်ပြုလုပ်မယ့် အစည်းအဝေးမှာ ၂၁ ရာစုပင်လုံတတိယ အစည်းအဝေးမှာ ဆွေးနွေးမယ့်ခေါင်းစဉ်တွေ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ့် နေရာနဲ့ ကျင်းပမယ့်ပုံစံသတ်မှတ်ရေးတွေ၊ ကော်မတီမှာ ဆွေးနွေးမယ့်စာတမ်းတွေနဲ့ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း ၁ ကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမယ့်ကိစ္စတွေ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)