
0
109




နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးကို လက်ခံတွေ့ဆုံ

တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး Mr. Sok Chea ကို သြဂုတ် ၃၀ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ နီးကပ်စွာ လက်တွဲဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ တတ်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)