
0
134




မြန်မာလုပ်သားနှစ်ဦးအတွက် ထိုင်းဘုရင်းမင်းမြတ်ဆီ အသနားခံစာ အမြန်ဆုံးတင်သွင်းမယ်

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလုပ်သား နှစ်ဦးအတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနား ခံစာကို အမြန်ဆုံးတင်သွင်းမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့် သန်းကပြောပါတယ်။

အသနာခံစာကို ရက်ပေါင်း ခြောက်ဆယ်အတွင်း တင်ရမှာဖြစ်ပြီး ထိုင်းရှေ့နေကောင်စီနဲ့ ဆွေးနွေးတိုင်ပြီး အသနားခံစာတင်သွားမှာဖြစ်ပါတယ်။ ထိုင်းရှေ့နေကောင်စီဟာ မြန်မာလုပ်သားနှစ်ဦးအတွက် ရှေ့နေလိုက်ပါဆောင်ရွက်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျနေတဲ့ မြန်မာလုပ် သားနှစ်ဦး ရဲ့ နောက်ဆုံးအယူခံ ကို ဩဂုတ် ၂၉ ရက်က ဘန် ကောက်မြို့ရှိ နွန်ထဘူရီခရိုင် တရားရုံးမှာ အမိန့်ချရာ အယူခံ ရှုံးနိမ့်ပြီး သေဒဏ်ကို ဆက်လက် အတည်ပြုခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)