
0
135




ကြက်တောင်မယ် သက်ထားသူဇာ ဆီးဂိမ်းဝင်ပြိုင်မယ်

ကြက်တောင်မယ် သက်ထားသူဇာကတော့ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် အင်တာနေရှင်နယ် စီးရီးမြန်မာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲကို ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပတာဖြစ်ပြီး၊ စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

သက်ထားသူဇာအနေနဲ့ လာမယ့်နိုဝင်ဘာမှာ ဖိလစ်ပိုင်မှာကျင်းပမယ့် ဆီးဂိမ်းကိုလဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)