
0
154




AA လက်နက်ကိုင်အဖွဲ့က အရပ်ဖက် မော်တော်ယာဉ် တွေကို မီးရှို့ဖျက်ဆီး

ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ AA လက်နက်ကိုင်အဖွဲ့က အရပ်ဖက် မော်တော်ယာဉ် တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့ ညက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအနီး ရန်ကုန်-စစ်တွေ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ AA လက်နက်ကိုင်အဖွဲ့က အရပ်ဖက် မော်တော် ယာဉ် တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်စစ်ကြောင်းအနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် လိုအပ်တဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ ကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)