ကချင်ပြည်နယ်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက် အာမခံရရှိ

0
400

ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်ပြည်နယ်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက်ကို မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ အာမခံပေးလိုက်တယ်လို့ ကိုဇော်မိုးထက်ရဲ့ ရှေ့နေ ဦးဂဲနက်စ်က MCN သတင်းဌာနကို ပြောပါတယ်။

ကချင်ပြည်နယ် ၀န်ကြီးချုပ်ရဲ့ သားဖြစ်သူ ဒေါက်တာအောင်မိုင် ကို ဂုဏ်သိက္ခာ ကျဆင်းဆောင်  Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာကြောင့် ဒေါက်တာအောင်မိုင်က တရားလိုပြုလုပ်ပြီး မြစ်ကြီးနားမြို့မစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။

သြဂုတ်လ ၂၈ ရက်နေ့မှာတော့ ကိုဇော်မိုးထက်ကို မန္တလေးမြို့ လမ်း ၈၀ လမ်းမပေါ် ၁၆ လမ်းနဲ့ ၁၇ လမ်းကြား MR2 ကားအလိုင်းမန်းဆိုင်မှာ  မြစ်ကြီးနား မြို့မရဲစခန်းကဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၉ ရက်န့က မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ပထမအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)