ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပါဝင်မှုအပေါ် တရုတ် ဆန့်ကျင်

0
356

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ ပါဝင်ပတ်သက်မှုကို တရုတ်နိုင်ငံက ဆန့်ကျင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သရူး ရိုင်ခရော့ဖ်ကပြောပါတယ်။

အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ကုလမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် တရားဝင်အစီရင်ခံစာတော့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး၊ ကမ္ဘာသမဂ္ဂလုံခြုံရေးကောင်စီကအဖွဲ့ဝင် ၁၅ နိုင်ငံဟာ ရခိုင်အရေးကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သရူး ရိုင်ခရော့ဖ်ကတော့ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကို လျှော့ချနိုင်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နောက်လမှာ ပြုလုပ်မယ့်နှစ်စဉ်ပြုလုပ်နေကျ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အထွေထွေညီလာခံမှာ ဆက်လက် ဆွေးနွေးသွားဖွယ် ရှိနေတယ်လို့ ရိုင်ခရော့ဖ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)