ရခိုင်အကြမ်းဖက်မှုဟာ သီးခြားနိုင်ငံထူထောင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ပြည်တွင်းရေးသာဖြစ်

0
298

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ သီးခြားနိုင်ငံ ထူထောင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ပြည်တွင်းရေးဆိုတာ ထင်ရှားတယ်လို့ သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးချမ်းက ပြောပါတယ်။

ဂျပန်နိုင်ငံ၊ ခန်းဒ နိုင်ငံတကာ လေ့လာရေးတက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ အေးချမ်းက သြဂုတ်လ ၃၀ ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ဖေ့စ်ဘုတ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အချက် ၃ ချက်ကို ထောက်ပြ ပြောဆိုထားပါတယ်။ သမိုင်းကြောင်း၊ လူမျိုးရေးနဲ့ ခွဲထွက်ရေးတွေ အပေါ် သုံးသပ်သွားတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က လန်ဒန်မှာ ကျင်းပတဲ့ ဘင်္ဂါလီ ညီလာခံမှာ အစ္စလာမ္မစ် ရိုဟင်ဂျာနိုင်ငံတော် တည်ထောင်မယ်လို့ ကြေညာခဲ့ပြီး ဖြစ်ကြောင်းနဲ့ အဲဒါဟာ အချုပ်အခြာ အာဏာကို ထိပါးနေကြောင်း၊ သီးခြားနိုင်ငံ ထူထောင်ဖို့ ကြိုးစားနေတာ ဖြစ်လို့ ဒီကိစ္စဟာ ပြည်တွင်းရေးသာဖြစ်ပြီး အခု အကြမ်းဖက်မှုတွေဟာ ချိန်ကိုက်လှုပ်ရှားမှုတွေ ဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။

ဒေါက်တာ အေးချမ်းက ရခိုင်ပြည်နယ်မှာ နယ်မြေဖဲ့ယူဖို့ ပြဿနာဟာ ၇၅ နှစ်ကြာခဲ့နေပြီဖြစ်တဲ့ နိုင်ငံရေး မဟာဗျူဟာ ဖြစ်ကြောင်း၊ ၁၉၅၁ ခုနှစ်ကတည်းက အလယ်သံကျော် ညီလာခံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တောင်းပေမယ့် အစိုးရက တိုင်းရင်းသား မဟုတ်လို့ မပေးခဲ့ကြောင်းနဲ့ မူဂျာဟစ်ဒင်ဆိုပြီး သူပုန်ထတာလည်း မအောင်မြင်ခဲ့ကြောင်း ပြောသွားပါတယ်။

ရိုဟင်ဂျာဆိုတာ ဘင်္ဂါလီစကားနဲ့ ‘ရခိုင်သား’ လို့ ခေါ်တာဖြစ်လို့ ရခိုင်သား မဟုတ်သူတွေကို ရခိုင်သားလို့ ခေါ်ရမယ်ဆိုရင် လူ့အခွင့်အရေးအရ မတရားဘူးလို့ ရှင်းပြထားပါတယ်။ အကြမ်းဖက်ဝါဒကို တင်သွင်းလာတာ ဖြစ်လို့ ကုသလမဂ္ဂ ကြားဝင်ရေးမူဖြစ်တဲ့ R2P (Responsibility to Protect) နဲ့ အကျုံးမဝင်ကြောင်းလည်း ထောက်ပြသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)