နိုင်ငံတကာရဲ့ မတရား စွပ်စွဲပြောဆိုမှုတွေကို ကန့်ကွက်ရှုတ်ချဟု ဦးရွှေမန်းဆို

0
289

နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ မြန်မာအစိုးရအပါအ၀င် ပြည်သူတွေအပေါ်မှာ မတရား စွပ်စွဲပြောဆို လုပ်ဆောင်နေမှုတွေကို ကန့်ကွက်ရှုတ်ချကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဟောင်း သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာက တဆင့် အဲ့ဒီလို ပြောကြားလိုက်တာပါ။ အဲ့ဒီလို ပြောကြားရာမှာတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို အကြမ်းဖက်သမားတွေက အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုတွေကို စတင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း ပြောဆိုထားတာပါ။

အဲ့ဒီလို အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုတွေကြောင့် ဒေသခံတိုင်းရင်းသားတွေ နေရပ်စွန့်ခွာ ပုန်းရှောင်ခဲ့ကြရတယ်လို့ဆို ဆိုတာပါ။ ဒါကြောင့် ကာကွယ်ရေး လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်မှုပြုတာတွေအတွက် ဂုဏ်ပြုကြောင်းနဲ့ အားပေးကူညီမှုတွေကိုလည်း ပေးဖို့ လိုအပ်တယ်လို့လည်း ပြောကြားထားတာဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သြဂုတ် ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ စုစုပေါင်း ၂၅ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)