ARSA အကြမ်းဖက်သမားတွေကြာင့် ၂၅ ဦးသေ၊ ၁၈ ဦး ဒဏ်ရာရ

0
382

ရခိုင်ပြည်နယ်မှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သြဂုတ် ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ စုစုပေါင်း ၂၅ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၁၃ ဦး ဖြစ်ပါတယ်။ အရပ်သားတွေကတော့ ဟိန္ဒူလူမျိုး ၇ ဦး၊ ဒိုင်းနက်လူမျိုး ၅ ဦး သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရသူတွေကတော့ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ ကျန်းမာရေး ဝန်ထမ်း ၁ ဦး၊ နေ့စားဝန်ထမ်း ၂ ဦး၊ မြို လူမျိုး ၁ ဦးနှင့် ဒိုင်းနက်လူမျိုး ၂ ဦး စုစု ပေါင်း ၁၈ ဦး ဖြစ်ပါတယ်။

တပ်မတော်သား ၁ ဦးနဲ့ လက်နက်ငယ် ၁ လက်လည်း ပျောက်ဆုံးလျက် ရှိတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)