ငှားရမ်းထားတဲ့ တက္ကသိုလ် လှေလှော်အသင်း အဆောက်အအုံ ပြန်သိမ်းမယ်

0
325

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်လျားလမ်းရှိ ငါးနှစ်စာချုပ်နဲ့ အငှားချထားတဲ့ တက္ကသိုလ် လှေလှော်အသင်းပိုင် အဆောက်အအုံနဲ့ ပရိဝုဏ်ကို ကျောင်းသား ကျောင်သူတွေ လှေလှော် အားကစား ကစားနိုင်ဖို့နဲ့ အားကစားမြှင့်တင်နိုင်ဖို့ ပြန်လည် လွှဲပြောင်း ရယူမှာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိမှာ တစ်လကို ၃၅ သိန်းနဲ့ တစ်နှစ်စာ ငွေချေထားတဲ့ တက္ကသိုလ် လှေလှော်အသင်းပိုင် အဆောက်အအုံကို ပြန်လည်အပ်နှံဖို့ နို့တစ်စာ ပေးပို့ထားကြောင်း ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အင်းစိန်မဲဆန္ဒနယ်က ဦးမောင်မောင်ဦးက တက္ကသိုလ် လှေလှော်အသင်းပိုင် အဆောက်အအုံကို ငှာရမ်းထားခြင်းကနေ ရုပ်သိမ်းရန် အစီအစဉ် ရှိမရှိ မေးခွန်းကို ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဖြေကြားသွားတာ ဖြစ်ပါတယ်။

အစိုးရသစ် လက်ထက်မှာ ပညာရေး ဝန်ကြီးဌာနက အဆောက်အအုံငှား စာချုပ်ကို ပြန်လည် စိစစ်တဲ့အခါ နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနက အသုံးပြုဖို့ လိုလာရင် အဖိုးစားနား တစ်စုံတစ်ရာ တောင်းခံခြင်း မပြုဘဲ အငှားချထားသူက ရက် ၃၀ အတွင်း ပြန်လည် လွှဲပြောင်းပေးရမယ်လို့ သဘောတူ ထည့်သွင်းချုပ်ဆိုထားတဲ့ အတွက် ပြန်လည်လွှဲပြောင်းယူဖို့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)