FPNCC နဲ့ ပူးပေါင်းဖို UNFC ကို ဖိတ်ခေါ်

0
234

“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC က UNFC ကို သူတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အခုလ ၂၅ ရက်က ၀ ဒေသ ပန်ဆန်းမှာ နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးတုန်းက ဖိတ်ခေါ် ခဲ့တာလို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ TNLA တအန်းပလောင်အဖွဲ့က ဗိုလ်မှူးချုပ် တာဘုန်းကျော် က ပြောပါတယ်။

UNFC ဘက်က နယ်မြေအနေအထားအရ တခြားလမ်းကြောင်းနဲ့သွားရင် ခက်ခဲလို့ အန်စီအေလမ်းအတိုင်းပဲသွားပြီး အစိုးရနဲ့ ဆက်ဆွေးနွေးမယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

FPNCC မှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ၀ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)စတဲ့ တပ်ဖွဲ့ ၇ခု ပါဝင်ပြီး UNFC မှာတော့ မွန်ပြည်သစ် ပါတီအပါအ၀င် တပ်ဖွဲ့ ၅ ခု လတ်တလော ပါဝင်နေပါတယ်။

တပ်ပေါင်းစုနှစ်ခုစလုံးဟာ အစိုးရနဲ့ အပစ်မရပ်သေးတဲ့တပ်ဖွဲ့တို့နဲ့ စုပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က NCA ပြင်ပ၊UNFC က NCA လမ်း လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)