အိန္ဒိယ၀န်ကြီးချုပ် စက်တင်ဘာ ၅ ရက် မြန်မာနိုင်ငံ လာမယ်

0
294

အိန္ဒိယ၀န်ကြီးချုပ် နေရိန်ဒရာ မိုဒီဟာ စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ မြန်မာနိုင်ငံဆီ ၃ ရက်ကြာခရီးလာရောက်မှာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

တရုတ်နဲ့မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်နေစဉ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီး ထွက်ပေါ်လာတာဖြစ်ပြီး မြန်မာအပေါ် တရုတ်ရဲ့သြဇာ လွှမ်းမိုးလာနေတာကို တန်ပြန်တဲ့ အနေနဲ့ နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေး တိုးချဲ့ဖို့ ကြိုးစားတဲ့ ခရီးစဉ် လို့ သတင်းမှာ သုံးသပ်ဖော်ပြပါတယ်။

ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုကို အိန္ဒိယက ပြစ်တင်ရှုတ်ချထားပြီး အိန္ဒိယ၀န်ကြီးချုပ်ရဲ့ မြန်မာခရီးမှာ လုံခြုံရေးနဲ့ ကာကွယ်ရေး ပိုမို ပူးပေါင်းဆောင်ရွက်ဖို့လည်း ပါဝင်ပါတယ်။

ဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီ ဟာ ၂၀၁၅ခုနှစ်တုန်းက အိန္ဒိယ-အာဆီယံ အစည်းအဝေးနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေ တက်ဖို့ မြန်မာနိုင်ငံ လာရောက်ခဲ့ဖူးပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)