ရှမ်းဒုက္ခသည်စခန်းတွေ ဆက်လက်ကူညီပေးဖို့ တောင်းဆို

0
268

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်း ၆ ခုက ဒုက္ခသည် ၆၀၀၀ ကျော်ကို စားနပ်ရိက္ခာ ဆက်လက်ထောက်ပံ့ကူညီပေးဖို့ ရှမ်းဒုက္ခသည်များ ကော်မတီက မေတ္တာရပ်ခံချက်တစောင် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သြဂုတ် ၃၀ ရက်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ချင်းမိုင်တက္ကသိုလ်မှာ ရှမ်းဒုက္ခသည်များကော်မတီက သတင်းစာရှင်းလင်းပွဲတခု လုပ်ပြီး အောက်တိုဘာမှာ အကူအညီတွေ ရပ်တန့်တော့မယ့် အကြောင်း သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေက ထိုင်းနိုင်ငံနယ်စပ်ရှိ ကောင်းမုန်မုန်း၊ လွိုင်တိုင်းလျန်း၊ ကုန်းကျော် စတဲ့ဒုက္ခသည်စခန်းတွေကို ကူညီထောက်ပံ့နေတာ ဖြစ်ပြီး မြန်မာ့နိုင်ငံရေးအခြေအနေ ပြောင်းလာပြီဆိုပြီး ကူညီထောက်ပံ့မှုတွေ ရပ်တန့်ဖို့ လုပ်ဆာင်လာတာ ဖြစ်ပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)