စစ်တွေကို တိုင်းရင်းသား ၁၀၀၀ ကျော် ထွက်ပြေးလာ

0
295

မောင်တောဒေသက နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ တိုင်းရင်းသား ၁ဝဝဝ ကျော် စစ်တွေကို ရောက်လာတယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ARSA အစွန်းရောက်အကြမ်းဖက်သမားများရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသား ၁ဝဝဝ ကျော်ဟာ သြဂုတ် ၃၀ ရက်မှာ ဘူးသီးတောင်ကတစ်ဆင့် စစ်တွေ ဆိပ်ကမ်းကို ရေယာဉ်လေးစင်းနဲ့ ရောက်ရှိလာတာလို့ သတင်းမှာ ဖော်ပြပါတယ်။

အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် မောင်တောဒေသရှိ ကျေးရွာအသီးသီးက ထွက်ပြေးလာကြတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ စစ်တွေကို သြဂုတ် ၂၈ရက်ကတည်းက တဖွဲဖွဲရောက်လာကြတာဖြစ်ပြီး သူတို့ကို စစ်တွေမြို့ရှိ ဓမ္မရာမဘုန်းတော်ကြီးကျောင်း၊ ကောဝီဒဘုန်းတော်ကြီးကျောင်းနဲ့ အဓိဋ္ဌာန် ဘုန်းတော်ကြီးကျောင်းများမှာ ယာယီနေရာချထားပြီး ကျွေးမွေးစောင့်ရှောက်မှုပေးနေပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)