မလေး ထိန်းသိမ်းရေးစခန်းက မြန်မာ ၄၅ ဦး ပြန်ပို့မယ်

0
315

မလေးရှားနိုင်ငံ Langkap လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၄၅ ဦးကို မကြာခင် မြန်မာနိုင်ငံပြန်ပို့ပေးမယ်လို့ ကွာလမ်လမ်ပူ၊မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာသံရုံးတာဝန်ရှိသူတွေဟာ အခုလ ၂၄ ရက်မှာ Langkap လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းကို သွားရောက်ပြီး မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသားများဖြစ်ကြောင်း စိစစ်တွေ့ ရှိခဲ့ပါတယ်။

မြန်မာ ၄၅ ဦးရဲ့ ဆန္ဒအရ သံရုံးက မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပြီး အမျိုးသား ၄၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ဖြစ်တယ်။ ဗမာ/ ဗုဒ္ဓဘာသာ ၁၇ ဦး၊ ဗမာ /အစ္စလာမ် ၁ ဦး၊ ချင်း/ ခရစ်ယာန် ၇ဦး ၊ ရခိုင်/ ဗုဒ္ဓဘာသာ ၈ ဦး၊ မွန် / ဗုဒ္ဓဘာသာ ၄ ဦး၊ ကရင်/ ခရစ်ယာန်ဘာသာ ၇ ဦး နဲ့ တမီးလ်/ ဗုဒ္ဓဘာသာ ၁ ဦး၊ တို့ ပါဝင်တယ်လို့ သံရုံးသတင်းမှာ ဖော်ပြပါတယ်။

ကွာလာလမ်ပူမြို့က မြန်မာသံရုံးဝန်ထမ်းတွေဟာ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးနဲ့ ထိန်းသိမ်းရေးစခန်းမျာမှာ အကြောင်း အမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားများကို အခုလိုပဲ သွားရောက်တွေ့ဆုံစိစစ်တာမျိုး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)