လွိုင်ကော်ပို့မယ့် သိမ်းဆည်းရမိ သစ်တွေ တင်လာတဲ့ယာဉ်တွေ လက်နက်ငယ်နဲ့ပစ်ခတ်၊ မီးရှို့ခံရ

0
296

ကယားပြည်နယ်၊ ဘောလခဲခရိုင် သစ်တောဦးစီးဌာနက သိမ်းဆည်းရမိသစ်တွေ လွိုင်ကော်မြို့သို့ ပို့ဆောင်ဖို့ တင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေကို စိစစ်ဆဲ လက်နက်ကိုင်အဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ယာဉ်တွေကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက် ညပိုင်းက ဖားဆောင်းမြို့ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာသို့ သစ်တင်ကားတွေ အရောက် စိစစ်ဆဲ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့က မော်တော်ယာဉ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။

သိမ်းဆည်းရမိတဲ့ တရားမဝင် ကျွန်းနဲ့ ပိတောက်သစ်မျိုးစုံ ၅၀ တန်ခန့်ကို သစ်တင်ယာဉ် လေးစီးနဲ့ သယ်ဆောင်လာတာပါ။ လမ်းခရီးမှာ ရပ်နားနေစဉ် အရပ်ဝတ်အကျႌ၊ ပျောက်ကျားဘောင်းဘီ၊ မျက်နှာဖုံးတွေ တပ်ဆင်ထားပြီး လက်နက်ငယ်တွေ ကိုင်ဆောင်ထားတဲ့ အင်အား ၁၀ ဦးပါအဖွဲ့ ရောက်ရှိလာကာ သစ်တောဦးစီးမှူး ဦးမင်းလတ်နိုင်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ဆဲဆို ခြိမ်းခြောက်ပြီး သစ်တင်မော်တော်ယာဉ်တွေကို သေနတ်နဲ့ပစ်ကာ ဓာတ်ဆီလောင်း မီးရှို့ထွက်ခွာသွားခဲ့တာပါ။

သနတေနြဲ့ပဈ၊ မီးရှို့တဲ့အဖှဲ့ကို ဖမြးဆီးရမိရေး လုံခှုံရေးတပဖြှဲ့ဝငတြှကေ လိုအပတြဲ့ လုံခှုံရေးလုပငြနြးတှေ ဆောငရြှကနြတယေလြို့ တပမြတောြ ကာကှယရြေး ဦးစီးခွုပရြုံးက သတငြးထုတပြှနထြားပါတယြ။

________________

________________


ကယားပြည်နယ်၊ ဘောလခဲခရိုင် သစ်တောဦးစီးဌာနက သိမ်းဆည်းရမိသစ်တွေ လွိုင်ကော်မြို့သို့ ပို့ဆောင်ဖို့ တင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေကို စိစစ်ဆဲ လက်နက်ကိုင်အဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ယာဉ်တွေကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက် ညပိုင်းက ဖားဆောင်းမြို့ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာသို့ သစ်တင်ကားတွေ အရောက် စိစစ်ဆဲ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့က မော်တော်ယာဉ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။

သိမ်းဆည်းရမိတဲ့ တရားမဝင် ကျွန်းနဲ့ ပိတောက်သစ်မျိုးစုံ ၅၀ တန်ခန့်ကို သစ်တင်ယာဉ် လေးစီးနဲ့ သယ်ဆောင်လာတာပါ။ လမ်းခရီးမှာ ရပ်နားနေစဉ် အရပ်ဝတ်အင်္ကျီ၊ ပျောက်ကျားဘောင်းဘီ၊ မျက်နှာဖုံးတွေ တပ်ဆင်ထားပြီး လက်နက်ငယ်တွေ ကိုင်ဆောင်ထားတဲ့ အင်အား ၁၀ ဦးပါအဖွဲ့ ရောက်ရှိလာကာ သစ်တောဦးစီးမှူး ဦးမင်းလတ်နိုင်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ဆဲဆို ခြိမ်းခြောက်ပြီး သစ်တင်မော်တော်ယာဉ်တွေကို သေနတ်နဲ့ပစ်ကာ ဓာတ်ဆီလောင်း မီးရှို့ထွက်ခွာသွားခဲ့တာပါ။     

သေနတ်နဲ့ပစ်၊ မီးရှို့တဲ့အဖွဲ့ကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)