ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီအစဉ်နဲ့ ဝယ်ယူထားတဲ့ COVID-19 ရောဂါပိုး စမ်းသပ်ကိရိယာ (test kits) တွေ သယ်ဆောင်လာတဲ့လေယာဉ် ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိပါတယ်။
ထောက်ပံ့ကူညီတဲ့ ပစ္စည်းတွေ တင်ဆောင်လာတဲ့ အထူးကုန်တင်လေယာဉ်ဟာ ကာတာနိုင်ငံမှတစ်ဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်လာပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ UNHCR, WFP နဲ့ UNICEF တို့က တာဝန်ရှိသူတွေက ကြိုဆိုကြပါတယ်။
COVID-19 ရောဂါပိုး စမ်းသပ်ကိရိယာတွေဟာ အမေရိကန်ဒေါ်လာ ၃၂၃၈၈၈ ဒသမ ၆၈ တန်ဖိုးရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက လက်ခံရယူပါတယ်။
__________________

__________________
UNHCR နဲ့ WFP တို့က COVID-19 ရောဂါပိုး စမ်းသပ်ကိရိယာတွေ ထောက်ပံ့ကူညီ
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီအစဉ်နဲ့ ဝယ်ယူထားတဲ့ COVID-19 ရောဂါပိုး စမ်းသပ်ကိရိယာ (test kits) တွေ သယ်ဆောင်လာတဲ့လေယာဉ် ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိပါတယ်။
ထောက်ပံ့ကူညီတဲ့ ပစ္စည်းတွေ တင်ဆောင်လာတဲ့ အထူးကုန်တင်လေယာဉ်ဟာ ကာတာနိုင်ငံမှတစ်ဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်လာပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ UNHCR, WFP နဲ့ UNICEF တို့က တာဝန်ရှိသူတွေက ကြိုဆိုကြပါတယ်။
COVID-19 ရောဂါပိုး စမ်းသပ်ကိရိယာတွေဟာ အမေရိကန်ဒေါ်လာ ၃၂၃၈၈၈ ဒသမ ၆၈ တန်ဖိုးရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက လက်ခံရယူပါတယ်။
COVID-19 ရောဂါပိုး စမ်းသပ်ကိရိယာ ၂၀၀၀၀ အနက် UNHCR က ၁၀၀၀၀ နဲ့ WFP က ၁၀၀၀၀ ပါဝင်လှူဒါန်းတယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတီဖင် အန်ဒါဆန်က ပြောပါတယ်။