မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ ဆက်သွယ်မယ့် အဝေးပြေးလမ်း စီမံကိန်း နောက်လ စမယ်

0
410

အိန္ဒိယနိုင်ငံ မဂ်ဟာလာရ ပြည်နယ်ကနေ မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံကို ဆက်စပ်သွယ်တန်းမယ့် အဝေးပြေးလမ်း စီမံကိန်းကို နောက်လမှာ စတင် အကောင်အထည်ဖော် ဆောက်လုပ်တော့မှာ ဖြစ်ပါတယ်။

အဲဒီ အဝေးပြေးလမ်း စီမံကိန်းစတင်တော့မယ့် အကြောင်းကို မေလ ၃၀ ရက်နေ့ က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာ အိန္ဒိယ ကုန်းလမ်း၊ ရေလမ်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး နီတင် ဂါတ်ကာရီ က မီဒီယာသမားတွေကို ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံရဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

အဲဒီ စီမံကိန်းဟာ အရှေ့တောင်အာရှဒေသတွင်း ကူးလူးဆက်ဆံမှု ကောင်းမွန်တိုးတက်စေဖို့ ရည်ရွယ်ပြုလုပ်မှာဖြစ်ပြီး နောက်လပိုင်းမှာ အိန္ဒိယနိုင်ငံဘက်က စတင်ဆောက်လုပ်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)