မုန်တိုင်း ထိခိုက်ပျက်စီးမှု များပြားလို့ ရခိုင်ပြည်နယ်မှာ ကက်ဘိနက် အရေးပေါ် အစည်းအဝေး ခေါ်

0
348

မိုရာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု ပမာဏ အလွန်များပြားတဲ့အတွက် ရခိုင်ပြည်နယ်မှာ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် အစိုးရက ကက်ဘိနက် အစည်းအဝေးကို မနေ့က မေလ ၃၀ ရက်နေ့မှာ ခေါ်ယူခဲ့ပါတယ်။

 EPA/NYUNT WIN

ကက်ဘိနက် အစည်းအဝေးကို မနေ့က ညနေမှာ ခေါ်ယူတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံကို ကိုးကားပြီး နိရဉ္စရာသတင်းဌာနက ဖော်ပြပါတယ်။

မိုရာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ အစိုးရ အဆောက်အအုံတွေ၊ ဆိုင်းဘုတ်တွေ ပြိုလဲ ထိခိုက်ပျက်စီးမှု များပြားပြီး ထိခိုက်ပျက်စီးမှု စာရင်းတွေ ကောက်ယူနေပါတယ်။ နေရာတချို့မှာ ဖုန်းလိုင်း အဆက်အသွယ်တွေ ပြတ်တောက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)