လေယာဉ်မယ်ရဲ့ လက်ကို ကိုက်ဖို့ ကြိုးစားမှုနဲ့ မြန်မာဒုက္ခသည်တစ်ဦး အဖမ်းခံရ

0
361

အမေရိကန်၊ မြောက် ကာရိုလိုင်းနား၊ နယူးဘန်းမှာ အခြေချဖို့ ထိုင်းနိုင်ငံကနေ လေယာဉ်နဲ့ လိုက်ပါလာတဲ့ မြန်မာဒုက္ခသည် ထွန်းလွန်စိန် ဆိုသူဟာ လေယာဉ်မယ်ရဲ့ လက်ကို ကိုက်ဖို့ ကြိုးစားတဲ့အတွက် အဖမ်းခံရပါတယ်။

မေလ ၂၅ ရက်နေ့က လေယာဉ်ပေါ်မှာ လေယာဉ်မယ်ရဲ့ လက်ကို ကိုက်ဖို့ ကြိုးစားတဲ့အတွက် ချားလော့ ဒေါက်ဂလပ် လေဆိပ်မှာ ဖမ်းဆီးလိုက်ပြီး ရာဇဝတ်မှုနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။

Episcopal Migration Ministry (EMM) ဆိုတဲ့ အဖွဲ့က ထွန်းလွန်စိန် အမေရိကန်မှာ အခြေချဖို့ ခေါ်ယူရေးမှာ စရိတ်စက ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

ထွန်းလွန်စိန်ဟာ အင်္ဂလိပ်စကား မပြောတတ်တဲ့အတွက် ထွန်းလွန်စိန် ပြောတတ်တဲ့ တိုင်းရင်း ဘာသာစကားကို ဘာသာပြန်ပေးနိုင်မယ့်သူ မရှိသေးဘူး ဖြစ်နေတယ်လို့ တရားရုံး မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

နယူးဘန်း ဧရိယာမှာ ထွန်းလွန်စိန်ရဲ့ မိသားစု ရှိခဲ့ရင် သူ့နောက်ကြောင်း ပြဿနာကို သိနိုင်မယ်လို့ ယူဆပြီး စုံစမ်းပေမယ့် စုံစမ်းလို့ မရဖြစ်နေပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလည်း အယ်လာဒိုထူး ဆိုသူ အသက် ၁၈ နှစ်အရွယ် မြန်မာဒုက္ခသည် တစ်ဦးဟာလည်း အသက် ၁ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေး ၃ ဦးကို သတ်ဖြတ်မှုနဲ့ အဖမ်းခံရပါသေးတယ်။ သူကလည်း နယူးဘန်းမှာ လာရောက် အခြေချတဲ့ ဒုက္ခသည် ဖြစ်ပါတယ်။

နယူးဘန်း ဧရိယာမှာ ပြောင်းရွှေ့အချေချတဲ့ မြန်မာဒုက္ခသည် ၂ ထောင်နီးပါး ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)