မြို့ကြီး ၃ မြို့မှာ MPT က 4G ဝန်ဆောင်မှု စတင်

0
289

အစိုးရပိုင် MPT က ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ စီးပွားရေးသုံး 4G ဝန်ဆောင်မှုကို မနေ့က မေလ ၃၀ ရက်နေ့မှာ စတင်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကြီးဆုံး မိုဘိုင်း အော်ပရေတာဖြစ်တဲ့ MPT ဟာ ၂၀၁၆ အောက်တိုဘာလကတည်းက ရန်ကုန်နဲ့ နေပြည်တော် နေရာတချို့မှာ 4G ဝန်ဆောင်မှုကို စတင် စမ်းသပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ MPT အပြင် ပုဂ္ဂလိက မိုဘိုင်း ဝန်ဆောင်မှု ပေးနေကြတာကတော့ တယ်လီနော မြန်မာ၊ အူရီဒူး မြန်မာနဲ့ Mytel တို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ၄ ခုမြောက် မိုဘိုင်း ဝန်ဆောင်မှု လိုင်စင်အဖြစ် ဗီယက်နမ်က Viettel ကို ချပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)