အိန္ဒိယ ကြည်းတပ် ဦးစီးချုပ် လူနာတင်ယာဉ်နဲ့ အနံ့ခံခွေးတွေ မြန်မာ့တပ်မတော်ကို လက်ဆောင်ပေး

0
271

မြန်မာပြည်ကို အလည်အပတ် ရောက်ရှိနေတဲ့ အိန္ဒိယ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင် ရာဝပ်က လူနာတင်ယာဉ်တွေနဲ့ အနံ့ခံခွေးတွေကို မြန်မာ့တပ်မတော်သို့ လက်ဆောင်ပေးအပ်ပါတယ်။

ဗိုလ်ချုပ်ကြီး ဘီပင် ရာဝပ်က ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်ကိုလည်း သွားရောက်ပြီး အရာရှိတွေ၊ ဌာနမှူးတွေနဲ့လည်း တွေ့ဆုံပါတယ်။

အဲဒီနောက် လူနာတင်ယာဉ် ၁၀ စီးရဲ့ ကားသော့တွေနဲ့ အနံ့ခံခွေး ၁၅ ကောင်ကို ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ပေးအပ်ပါတယ်။

ဗိုလ်ချုပ်ကြီး ဘီပင် ရာဝပ်ရဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်မှာ မေလ ၂၉ ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)