၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ အမျိုးသမီးပါဝင်မှု ၂၀ ရာခိုင်နှုန်းရှိ

0
308

ကျင်းပပြီးစီးသွားတဲ့ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ အမျိုးသမီး ပါဝင်မှု ၂၀ ရာခိုင်နှုန်း ရှိပြီး အရင်ကထက် စာရင် ပိုများလာတယ်လို့ ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) က ထုတ်ပြန်လိုက်ပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET/EPA

၂၁ ရာစု ပင်လုံ အစည်းအဝေးကို တက်ရောက်တဲ့ ကိုယ်စားလှယ် ၇၄၀ အနက် အမျိုးသမီး ၁၄၆ ဦး ပါဝင်ပါတယ်။ ၂၁ ရာစု ပထမအကြိမ် ပင်လုံ အစည်းအဝေးထက် ပိုများလာပေမယ့် မျှော်မှန်းထားတဲ့ ၃၀ ရာခိုင်နှုန်းကို မရောက်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ ပါဝင်တဲ့ အမျိုးသမီးတွေဟာ ကိုယ်စားလှယ်၊ ကူညီပံ့ပိုးသူ၊ ကျွမ်းကျင်နဲ့ လေ့လာသူတွေအဖြစ် တက်ရောက်ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)